Sunday, February 25, 2018

သုံးလပတ်တစ်ကြိမ် (ငှက်ဖျားစီမံချက်) အစည်းအဝေးကျင်းပ




စေတုတ္တရာ    ဖေဖော်ဝါရီ    ၂၄
          မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် Save The Children အဖွဲ့မှ ကြီးမှူးပြုလုပ် သော သုံးလပတ်တစ်ကြိမ် (ငှက်ဖျားစီမံချက်) အစည်းအဝေးကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့ မြို့နယ်အဆင့် ဓမ္မစကူးလ် ခန်းမ၌ ကျင်းပပြုလုပ်သည်။
          အစည်းအဝေးတွင် တက်ရောက်လာကြသည့် ဧည့်သည်တော်များမှ ငှက်ဖျားစီမံချက် အကြောင်းအရာနှင့် ပတ်သတ်၍ အချိတ်အဆက်ပိုမို ပြုလုပ်နိုင်ရန်နှင့် ငှက်ဖျားရောဂါဖြင့် သေဆုံးမှုကျဆင်းရေး၊ ငှက်ဖျားရောဂါ ကင်းဝေးရေး တို့ကို အဓိကထား၍ ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
          အဆိုပါ အစည်းအဝေးသို့ အခြေခံ ကျန်းမာရေးဝန်ထမ်းများ၊ ကျေးရွာများမှ ငှက်ဖျားစေတနာ့ဝန်ထမ်းများ၊ စုစုပေါင်း (၄၀) ဦးခန့် တက်ရောက်ကြပြီး တက်ရောက်လာကြသည့် ကျေးရွာများသို့ ဆေးထည့်ပုံး၊ သုံးလတစ်ကြိမ် ချီးမြှင့်ပေးငွေ၊ ငှက်ဖျားဆေးနှင့် သွေးဖောက်စက် ကိရိယာများကို Save The Children မှ တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ်ပြန်/ဆက်

0 comments:

Post a Comment