Saturday, February 17, 2018

ချောက်မြို့ မီးသဂြိုလ်စက်ကို မတ်လ တစ်ရက်နေ့စတင်အသုံးပြုမည်


ချောက်မြို့ မနော်ဖြူလူမှုကူညီရေးအသင်း ဦးဆောင်ပြီး မီးသဂြိုလ်စက် တည်ဆောက်နေမှုသည် ၉၅ ရာခိုင်းနှုန်းကျော် ပြီးစီးနေပြီဖြစ်သည့်အတွက် မတ်လ (၁) ရက်နေ့တွင် စတင်အသုံးပြုမည်ကို ၄င်းအသင်းမှ သိရှိရသည်။

အမှတ်(၁၅) ရပ်ကွက် မြေနီကုန်းသုဿန် သည် မြေမြှပ်သဂြိုလ်ရန် မြေနေရာ အခက်အခဲများ ရှိနေသဖြင့် မီးသဂြိုလ်စက် တည်ဆောက်ခြင်းလုပ်ငန်းကို  နိုဝင်ဘာလ (၄) ရက်နေ့မှစတင်ပြီး တည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

''မီးသဂြိုလ်စက် တည်ဆောက်မှုက ၉၅ ရာနှုန်းလောက်ပြီးစီးနေပြီ မတ်လ (၁) ရက် မှာ စတင်အသုံးပြုမှာပါ ဒီမတ်လ တစ်လတည်း သဂြိုလ်မှုကို အခမဲ့ မီးသဂြိုလ်ပေးမှာ ဒီလထည်မှာ လူတစ်ယောက် သဂြိုလ်မှုစရိတ် ဒီဇယ်ဆီကုန်ကျမှုကို တွက်ချက်ရမှာ နောက်ကာလတွေတော့ ဒီဇယ်ဆီကုန်ကျငွေဘဲ အသင်းကြီးကို ပေးရမှာပါ '' ၄င်းက ပြောသည်။

မီးသဂြိုလ်စက် တည်ဆောက်မှုအတွက် မတည်အလှူရှင်များ မြို့ပေါ်က အလှူများ ရပ်ဝေးရပ်နည်းက အလှူရှင်တွေ လှူဒါန်းထားတဲ့ ငွေများ ဖြင့် တည်ဆောက်ခြင်းဖြစ်ကြောင်းနှင့် ယင်းစက်ရှေ့တွင် ( ပေ၈၀× ပေ ၅၀ )သရဏဂုံဇရပ် သိန်း ၃၀၀ ကျပ် ကုန်ကျသည့် အဆာက်အဦးအား '' နိုင်ငံအေး'' ဆန်ပွဲရုံ  ချောက်မြို့မှ တည်ဆောက်လှူဒါန်းသည် ယင်းဇရပ်တည်ဆောက်နေခြင်းသည် ၅၀ ရာခိုင်းနှုန်းလောက် ပြီးစီးနေပြီးဟု ၄င်းမှ ရှင်းပြသည်။

၎င်းစက်တည်ဆောက်ရာတွင် စက်ခန်းအတွက် သိန်း(၁၈၀)ကျပ် ခေါင်းတိုင်အတွက် သိန်း (၁၂၀)ကျပ် မီးသင်းဂြိုလ်စက်အတွက် သိန်း(၂၀၀) ကျပ် စုစုပေါင်းကုန်ကျငွေက သိန်း (၅၀၀) ကျော်ခန့် ဖြစ်သည်။

မီးသင်ဂြိုလ်စက် အား ဒီဇယ်လောင်းစာဆီကို အသုံးပြုမည်ဖြစ်ပါသည် မီးခိုး ခေါင်းတိုင်တိုင် အမြင့်မှ ပေ (၇၀)ဖြစ်သည်  စက်ခန်း အကျယ်အဝန်း ပေ (၇၀×၃၀ ) အမြင့် (၁၂) ပေ တို့သည်။

ယင်းစက်တည်ဆောက်သူများသည် အထွေထွေမန်နေဂျာ ဦးဆန်းလတ် ( စက်မှုရှေ့ဆောင် စက်မှုလက်မှု လုပ်ငန်း ရန်ကုန်)  မှ စက်ခန်းတည်ဆောင်ခြင်းလုပ်ငန်းနှ
င့် ဦးသိန်းဌေး ( ကျွမ်းကျင်ပညာရှင်)ရန်ကုန် မှ မီးခိုးခေါင်းတိုင်တို့ ဖြစ်ကြောင်းသိရှိရသည်။
နေနိုင်

0 comments:

Post a Comment