Saturday, February 17, 2018

ပခုက္ကူမြို့၌ချင်းတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီဥက္ကဌဖလားဘောလုံးပြိုင်ပွဲကျင်းပ

ပခုက္ကူ  ဖေဖော်ဝါရီ  ၁၆

မကွေးတိုင်းဒေသကြီး၊ပခုက္ကူမြို့၊ ချင်းတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီမှဦးဆောင်ကျင်းပသော

နှစ်(၇၀)ပြည့်ချင်းအမျိုးသားနေ့အထိမ်းအမှတ်အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ဖေဖော်ဝါရီ ၁၆ ရက်နံနက်၉နာရီ

အချိန်တွင် ပခုက္ကူမြို့၊ရွှေချောင်းရပ်ရှိဘောလုံးကွင်း၌ကျင်းပသည်။

ရှေးဦးစွာ ဘောလုံးအားကစားသမားများကွင်းအတွင်းနေရာယူပြီး နိုင်ငံတော်အလံအား အလေးပြုကြသည်။ ဆက်လက်၍  ဆလိုင်းရဲအောင်ဦးဆောင်သောအားကစားသမားများကကစားအဓိဌာန်(၄)ရပ်ရွတ်ဆိုကြပြီးချင်းတိုင်း ရင်းသားစာပေနှင့်ယဉ်ကျေးမှုဥက္ကဌကိုယ်စား ဆလိုင်းအယ်လ်ယွမ်ထန်းက ဘောလုံးအားကစားများ အချင်းချင်းပိုမို ချစ်ခင်ရင်းနှီးမှုရရှိစေရန်၊ကျန်းမာကြံ့ခိုင်သောအားကစားများဖြစ်လာစေရန်၊လူမျိုးနှင့်တိုင်းပြည်အတွက်အကျိုးပြုမည့် အားကစားသမားများမွေးထုတ်ပေးနိုင်ရန်စသည့်ဘောလုံးပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်များအားရှင်းလင်းပြောကြားပြီး ဘောလုံးပွဲအားဖွင့်လှစ်ပေးသည်။ အဆိုပါ နှစ်(၇၀)ပြည့်ချင်းအမျိုးသားနေ့အထိမ်းအမှတ်ဂုဏ်ပြုကြိုဆိုသောအားဖြင့် အမျိုးသားဘောလုံးပြိုင်ပွဲများတွင်တောင်ဇလပ်အသင်း၊ ရိဒ်ရေကန်အသင်း၊ ဝိတိုရိယအသင်း၊ ဘုံတလာအသင်းနှင့် ချယ်ရီအသင်းများ ၀င်ရောက်ယှဉ်ပြိုင်ကြပြီး ဖေဖော်ဝါရီ ၁၆ရက်နေ့မှဖေဖော်ဝါရီ၁၈ရက်နေ့ထိ ကျင်းပသွားမည် ဖြစ် ကြောင်းသိရှိရသည်။အဆိုပါပြိုင်ပွဲများမှ ဆုရရှိသည့်အသင်းနှင့် ရှေ့တန်းအကောင်းဆုံးဆု၊ အလယ်တန်းအကောင်း ဆုံးဆု၊နောက်တန်းအကောင်းဆုံးဆု၊ပွဲစဉ်တစ်လျှောက်လုံးအကောင်းဆုံးဆု၊ပွဲစဉ်တစ်လျှောက်လုံးအတိုးတက်ဆုံးဆု များကိုပခုက္ကူမြို့၊ ပြည်သာယာခန်းမ၌ ကျင်းပမည့်နှစ်(၇၀)ပြည့်ချင်းအမျိုးသားနေ့အခမ်းအနားတွင် ဆုများအသီးသီး ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါအမျိုးသားဘောလုံးဖွင့်ပွဲသို့ ဌာနဆိုင်ရာများ၊ ချင်းတိုင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီဒုတိယ ဥက္ကဋ္ဌနှင့်ကော်မတီဝင်များ၊ ဘောလုံးအားကစားသမားများ၊ ပခုက္ကူတက္ကသိုလ်မှ ချင်းဆရာ/မများနှင့်ကျောင်းသား/ သူများ၊ ဒေသခံဘောလုံးအားကစားချစ်မြတ်နိုးသူများတက်ရောက်ပြီးကွင်းတွင်းပြည့်လာရောက်အားပေးကြကြောင်း သိရသည်။

ဆလိုင်းကိုကီး


0 comments:

Post a Comment