မကွေး ဖေဖော်ဝါရီ ၁၃
မကွေးတိုင်းဒေသကြီး
မကွေးမြို့ လူမှုဝန်ထမ်းဦးစီးဌာန ကလေးပြုစုရေးဌာန၊မျက်ရှုရတနာ မူလတန်းကြိုကျောင်းတွင်
ဖေဖော်ဝါရီ ၁၃ ရက် နံနက် ၈ နာရီက မြန်မာနိုင်ငံ ကလေးများနေ့နှင့် ဗိုလ်ချုပ်အောင်ဆန်း၏
(၁၀၃)နှစ်မြောက်မွေးနေ့ ဂုဏ်ပြုအထိမ်းအမှတ် ကာယစွမ်းရည်ပြိုင်ပွဲ၊ ဥာဏ်စမ်း ပဟေဠိနှင့်ဆုချီးမြှင့်ပွဲကို
ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါပြိုင်ပွဲများတွင်
မူကြိုအရွယ်ကလေးငယ်များ ကာယစွမ်းရည်၊ဥာဏ်ပညာစွမ်းရည် ပြည့်ဝစေရေး အငယ်ဆင့်၊အကြီးဆင့်
ကျား၊မ နှစ်မျိုးခွဲကာ အငယ်ဆင့်တွင် ရိုးရိုးပြေး၊ အလံ ကောက်၊ ဖိနပ်စီး၊အရုပ်ကောက်ပြေး၊အာလူးဇွန်းကိုက်နှင့်
ဇကောပိန်ပေါင်သယ်ပြိုင်ပွဲများ ကျင်းပ ခဲ့ပြီး၊ အကြီးဆင့်တွင် နို့ဆီဗူးဆင့်ပြိုင်ပွဲ၊၀က်အူရစ်၊မှိုစိုက်၊အာဟာရထပ်၊ပူပေါင်းနင်း၊
ပန်းပွင့်ဆက်၊ ပုတီးသီ၊ကာချပ်ထပ်ပြိုင်ပွဲများနှင့် အိတ်စွပ်ပြိုင်ပွဲများ ထည့်သွင်းကျင်းပခဲ့ပြီး
ပြိုင်ပွဲအသီးသီးတွင် ဆုရရှိသူများနှင့်ပြိုင်ပွဲဝင်ကလေးငယ်များအား လူမှုဝန်ထမ်းဦးစီးဌာန
တိုင်းဒေသကြီး ညွှန်ကြား ရေးမှူးနှင့် တာဝန်ရှိသူတို့က ဆုတံဆိပ်နှင့် လက်ဆောင်ပစ္စည်းများ
ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment