ချောက်မြို့နယ်အတွင်း ရှိ အရပ်ရပ်အခွင့်အရေးလိုင်စင်များ အား ဧပြီလ မှ စတင်ဘာလ ဘဏ္ဍာရေးနှစ် အထိ လေလံတင်ရောင်းချပွဲကို မြို့နယ်စည်ပင်သာယာရေးခန်းမတွင် ဖေဖော်ဝါရီလ (၁၅) ရက်နေ့ နံနက်(၁၀) နာရီမှစတင်ပြီး မြို့နယ်စည်ပင်သာယာအဖွဲ့မှ ရောင်းခဲ့သည်။
'' ချောက်မြို့နယ်အတွင်းက အမဲ ဆိတ် ဝက် သားသတ်လိုင်စင်များ ဧရာဝတီမြစ်ကူးတို့ အနော်ရထာတံတားဂိတ်အပါဝင် မြို့ဝင်ဘီးကောက်လိုင်စင် မြို့မဈေးကောက်နှင့် လမ်းနံဘေးဈေးကောက်တို့ကို ဧပြီလမှ စက်တက်ဘာလအထိ) ဘဏ္ဍာရေးနှစ်အတွက် လေလံတင်ရောင်းချတာပါ လုပ်ငန်း(၄၄) မျိုး ရောင်းချသွားတာပါ'' အမှုဆောင်အရာရှိ ဦးနေမန်း ( မြို့နယ်စည်ပင်သာရေး) က ပြောသည်။
လေလံရောင်းချပွဲတွင် လိုင်စင်ရရှိသောသူများလိုက်နာ
'' မြို့မ ဆိတ်ခုံ(၂) ခုံ မြို့မ အမဲခုံ (၂) ခုံ မြို့မ ဈေးကောက် လမ်းဘေးဈေးကောက်တွေ ရောင်းချရန်ခဲ့တယ် လုပ်ငန်း( ၃၅) မျိုး ရောင်းချရငွေကသိန်းပေါင်း (၂၁၀၀) ကျော် ရတယ်'' ၄င်းက ပြေညသည်
လေလံလာရောက် စွဲသူများက
'' မနှစ်က လေလံအပြိုင်အဆိုင်ဆွဲကျတော့ မကိုက်ကျဘူးလေ အရှုံးတွေပေါ်ကျတယ် ဈေးနှုန်းမကိုက်အရှုံးပေါ်တော့ မဆွဲကျတာပါ '' သိရှိရသည်။
၎င်းလေလံရောင်းချပွဲတွင် ထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဝင်း /ဥက္ကဌ ဦးကျော်ဝင်း ( မြို့နယ်စည်ပင်သာယာရေးကော်မတီ နှင့်အဖွဲ့) / ဥက္ကဌ ဒေါက်တာမောင်မောင်ကျော် အမျိုးသားဒီမိုကရေးစီအဖွဲ့ချုပ် / မြို့မိမြို့ဖ များ လေလံကြီးကြပ်ရေးအဖွဲ့ တတ်ရောက်ကြည့်ရှုခဲ့သည်။
နေနိုင်
0 comments:
Post a Comment