Thursday, February 8, 2018

အခမဲ့ကွန်​ပျူတာသင်​တန်းဆင်းပွဲကျင်းပ










နတ်​​မောက်​               ​ဖေ​ဖေါ်ဝါရီ ၈
မ​ကွေးတိုင်း​ဒေသကြီးနတ်​​မောက်​မြို့နယ်​ပြန်​ကြား​ရေးနှင့်​ပြည်​သူ့ဆက်​ဆံ​ရေးဦးစီးဌာနနှင့်​​ဒေါ်ခင်​ကြည်​​ဖောင်​​ဒေးရှင်းတို့ပူး​ပေါင်း၍ဖွင့်​လှစ်​​သောအခမဲ့ကွန်​ပျူတာသင်​တန်းဆင်းပွဲကို​ဖေ​ဖေါ်ဝါရီ၈ရက်​နံနက်​၉နာရီခွဲအချိန်​ကမြို့နယ်​ပြန်​/ဆက်​ဦးစီးဌာနပြည်​သူ့စာကြည့်​တိုက်​တွင်​ကျင်းပခဲ့သည်​။
အဆိုပါသင်​တန်းဆင်​ပွဲတွင်​မြို့နယ်​ပြန်​/ဆက်​ဦးစီးမှူးကသင်​တန်းဆင်းအမှာစကား​ပြောကြားပြီး​ဒေါ်ခင်​ကြည်​​ဖောင်​​ဒေးရှင်းတာဝန်​ခံကသင်​တန်းသား/သူများသက်​တန်းကိုအချိန်​ပြည့်​လာ​ရောက်​သင်​ကြားသည့်​အတွက်​​ကျေးဇူးတင်​စကားများ​ပြောကြားခဲ့ရာသင်​တန်းတွင်​လာ​ရောက်​သင်​ကြားခဲ့သည့်​သင်​တန်းသား/သူ(၂၀)ဦးတို့အားသင်​တန်းဆင်​လက်​မှတ်​များကိုတက်​​ရောက်​လာကြသည့်​ဌာနဆိုင်​ရာအကြီးအကဲများကသင်​တန်းသား/သူများအားတစ်​ဦးချင်း​ပေးအပ်​ခဲ့​ကြောင်းသိရသည်​။လှဝင်း(နတ်​​မောက်​)

0 comments:

Post a Comment