ပွင့်ဖြူ ဖေဖော်ဝါရီ
၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင်
မြို့ပေါ်ရပ်ကွက်အချို့နှင့် ကျေးရွာများ၌ ဒေသခံပြည်သူများ စီးပွားဖြစ် မွေးမြူထားရှိသော
တိရစ္ဆာန်ကောင်ရေနှင့် တိရစ္ဆာန်ထွက် ပစ္စည်းထုတ်လုပ်မှုစာရင်းဇယားများ တိကျမှန်ကန်စွာ
စာရင်းဇယားများ အတည်ပြုထုတ်ပြန်နိုင်ရေးအတွက် ဇန်နဝါရီ
၁ ရက်နေ့မှ စတင်ကာ တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်း လုပ်ငန်းများကို ကြီးကြပ်သူ(၄)ဦးမှ
အဖွဲ့(၂၄)ဖွဲ့ဖြင့် ကွင်းဆင်းကောက်ယူလျက်ရှိရာ ဇန်နဝါရီ ၃၁ ရက်နေ့ နံနက်ပိုင်းတွင်
အဆိုပါ တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းလုပ်ငန်း ရာနှုန်းပြည့်ကောက်ယူပြီးစီးသွားပြီဖြစ်ကြောင်း
ပွင့်ဖြူမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးမှ သိရသည်။
“
ကျွန်တော်တို့ ပွင့်ဖြူမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက မြို့နယ်အတွင်း ဒေသခံပြည်သူများ
စီးပွားဖြစ် မွေးမြူ ထားရှိသည့် တိရစ္ဆာန်ကောင်ရေစာရင်းနှင့် တိရစ္ဆာန်ထွက် ထုတ်ကုန်ပစ္စည်း
ထုတ်လုပ်မှုစာရင်းဇယားတွေကို အတိအကျ စာရင်း အတည်ပြုထုတ်လုပ်နိုင်ရေးအတွက် တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်းလုပ်ငန်းကို
ပြီးခဲ့တဲ့လ ၁ ရက်နေ့က စတင်ပြီး ကွင်းဆင်း ကောက်ယူခဲ့ပါတယ်။ ပွင့်ဖြူမြို့နယ်မှာ တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူရခြင်းလုပ်ငန်းကို
မြို့ပေါ် ရပ်ကွက် (၁)ရပ်ကွက်နဲ့ ကျေးရွာပေါင်း(၄၂)ရွာ ရှိပါတယ်။ အဲဒီနေရာတွေကို ကျွန်တော်တို့ဌာနအနေနဲ့
ကြီးကြပ်သူ(၄)ဦးမှ ဦးဆောင်ပြီး အဖွဲ့(၂၄)ဖွဲ့ဖြင့် စာရင်းများကောက်ယူခဲ့တာဖြစ်ပြီး
ပွင့်ဖြူမြို့နယ်အနေနဲ့ တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းလုပ်ငန်းကို သတ်မှတ်ကာလဖြစ်တဲ့
ဇန်နဝါရီ ၃၁ ရက်နေ့မှာပဲ ရာနှုန်းပြည့် အပြီးသတ် ကောက်ယူနိုင်ခဲ့ပါတယ်။ ယခုလို ကျွန်တော်တို့
မြို့နယ်အနေဖြင့် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းလုပ်ငန်း ရာနှုန်းပြည့် ကောက်ယူပြီးစီးနိုင်ခဲ့အတွက်
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တိရစ္ဆာန်ကောင်ရေစာရင်းနှင့်
တိရစ္ဆာန်ထွက် ထုတ်ကုန်ပစ္စည်း ထုတ်လုပ်မှုစာရင်းဇယားတွေ တိကျမှန်ကန်စွာ အတည်ပြုထုတ်ပြန်နိုင်ရေးအတွက် များစွာအထောက်အကူဖြစ်စေနိုင်မှာ
ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ စီးပွားရေးကဏ္ဍတွင်
အရေးပါသော တိရစ္ဆာန်များ၏ ကောင်ရေစာရင်းအပေါ် အခြေခံပြီး မွေးမြူမှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ
စီမံကိန်းများရေဆွဲကာ နိုင်ငံတော်၏စီးပွားရေးကို အထောက်အကူပြုနိုင်ခြင်း၊ တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာလုပ်ငန်းစီမံချက်များ
ရေးဆွဲအကောင် အထည်ဖော် ဆောင်ရွက်နိုင်ခြင်း၊ နိုင်ငံတော်၏ အစားအစာ ဖူလုံရေးနှင့် ဆင်းရဲနွမ်းပါးမှု
ပပျောက်ရေးဆိုင်ရာ မူဝါဒများ၊ လုပ်ငန်းစီမံချက်များ ချမှတ်ရာတွင် မှန်ကန်သော အချက်အလက်များ
ပံ့ပိုးပေးနိုင်ခြင်းစတဲ့ အကျိုးကျေးဇူးများ ရရှိနိုင်မှာ ဖြစ်ပါတယ်” ဟု ပွင့်ဖြူမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ
ဒုတိယမြို့နယ်ဦးစီးမှူး ဒေါက်တာကျော်မင်းဌေး၏ ပြောပြ ချက်အရ သိရသည်။
ပွင့်ဖြူမြို့နယ်မွေးမြူရေးနှင့်
ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်း တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခဲ့သည့် မြို့ပေါ်ရပ်ကွက်(၁)ရပ်ကွက်နှင့်
ကျေးရွာပေါင်း(၄၂)ရွာမှ စာရင်းရှိ အိမ်ထောင်စုပေါင်း (၈၈၅၃)ရှိရာ စာရင်းကောက်အိမ်ထောင်စု
(၈၀၇၅)စု ကောက်ယူနိုင်ခဲ့ကြောင်း သိရသည်။ ရဲဝင်းနိုင် (ညောင်ဦး)
0 comments:
Post a Comment