တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့မှ ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်
စေတုတ္တရာ ဖေဖော်ဝါရီ ၂၈
ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေသော တပ်မတော်နယ်လှည့် အထူးကု ဆေးအဖွဲ့သည် မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်ရှိ ကူတော်ကျေးရွာ၌ ယမန်နေ့က ကျေးရွာရှိ ဒေသခံပြည်သူ(၇၁၈) ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာ ရောဂါ (၁၇၁) ဦး၊ ခွဲစိတ်ရောဂါ(၄၀) ဦး၊ ကလေးရောဂါ(၅၄) ဦး၊ သားဖွားမီးယပ်ရောဂါ(၂၉) ဦး၊ အရိုးရောဂါ (၆၁)ဦး၊ နား၊နှာခေါင်း၊ လည်ချောင်းရောဂါ(၆၀) ဦး၊ မျက်စိရောဂါ(၂၁၀) ဦး၊ သွားရေဂါ (၄၅) ဦး၊ အထွေထွေရောဂါ (၄၈) ဦးတို့အား ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါ ဆေးကုသမှုနေရာသို့ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာလင်းနှင့် အဖွဲ့ဝင်များ၊ စေတုတ္တရာမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးဇော်မင်းနိုင်နှင့် အဖွဲ့ဝင်များ သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိပါသည်။
မြို့နယ် ပြန်/ဆက်