စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနကျေးလက်ဒေသဖွံ့ဖြိုးတိုး
တက်ရေးဦးစီဌာနနှင့်
ကမ္ဘာ့ဘဏ်၏ကူ ညီထောက်ပံ့ခြင်းဖြင့်လူထုဗဟိုပြုစီမံ ကိန်းရဲ့(ဒုတိယ)နှစ်စက်ဝန်းတွင်(ပထမ)ဆုံးပြီးစီးအောင်မြင်အကောင်အထည်
ဖော်ဆောင်ရွက်နိုင်ခဲ့သောပေါက်မြို့
နယ်ဒီးဒုတ်ကွင်းကျေးရွာ၌ဒီဇယ်သက် သာဆိုလာရေတင်စနစ်တပ်ဆင်ခြင်း
ဖြင့်ရေပေးဝေမှုအောင်မြင်ခြင်းနှင့်လူထု
စစ်ဆေးပွဲအခမ်းအနားကိုဇန်နဝါရီ ၂၆ ရက်နံနက်ပိုင်းကအဆိုပါကျေးရွာ၌ကျင်းပခဲ့ပါတယ်။
အခမ်းအနားတွင်မြို့နယ်အုပ်ချုပ်ရေး မှူးဦးကျော်စွာအုန်းကအဖွင့်အမှာစကားပြောကြားပြီး
ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူးဒေါ်အေးအေးသန့်ကပေါက်မြို့နယ်
ထဲကကျေးရွာပေါင်း(၂၅၇)ရွာမှာကျေး ရွာလူထုကတင်ပြတောင်းဆိုထားတဲ့ ကျေးရွာဖွံ့ဖြိုးရေးဦးစားပေးအလိုက်အ
ခြေခံအဆောက်အအုံ|ရေပေးရေး|မီး လင်းရေး|လမ်း|တံတားတည်ဆောက် တဲ့လုပ် ငန်းတွေကိုကမ္ဘာ့ဘဏ်ရဲ့ပံ့ပိုး
ကူညီမှုနဲ့ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနက(၄)နှစ်ဆက်တိုက်အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ပြီးထိုသို့အကောင်အထည်ဖော်
ရွက်ရာတွင်ကျေးလက်နေပြည်သူလူထု၏အင်အားဆန္ဒနှင့်ပူးပေါင်းဆောင် ရွက်မှကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်
ငန်းတွေအောင်မြင်လာကာကျေးလက် နှင့်မြို့ပြတသားတည်းဖြစ်လာပြီးဒီမိုကရေစီ၏အနှစ်သာရကိုအကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဖြစ်
်ကြောင်းပြောကြားသည်။
ဆက်လက်၍ဒီဇယ်သက်သာဆိုလာ ရေတင်စနစ်တပ်ဆင်ခြင်းဖြင့်ရေပေး ဝေမှုအောင်မြင်ခြင်းအတွက်ပွင့်လင်း
မြင်သာစွာဝေဖန်အကြံပြုလူထုစစ်ဆေး ခြင်းကိုကျေးလက်နေပြည်သူများနှင့် ဆက်လက်ဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။
-ဉာဏ်တိုး(ပေါက်)
0 comments:
Post a Comment