Saturday, January 27, 2018

ပွင့်ဖြူမြို့နယ်တွင် ( Book Club) အသင်းဖွဲ့စည်းအတည်ပြုခြင်းနှင့် လုပ်ငန်းတာဝန်ခွဲဝေခြင်းများ ဆောင်ရွက်




ပွင့်ဖြူ  ဇန်နဝါရီ  ၂၇
          မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်စာပေချစ်သူများအဖွဲ့နှင့် ပူးပေါင်း၍ မြို့နယ်အတွင်း စာဖတ်ဝါသနာပါသူ၊ စာပေဝါသနာပါသူများအချင်းချင်း စုစည်းပြီး စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်းကို ဖွဲ့စည်းကာ စာပေနှီးနှောဖလှယ်ပွဲများ၊ စာအုပ်စာစောင်နှီးနှောဖလှယ်ပွဲများ စာအုပ်စာစောင် ဝေဖန်သုံးသပ်ပွဲများ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ဆောင်ရွက်မည့်( Book Club) အသင်း ဖွဲ့စည်းအတည်ပြုခြင်းနှင့် လုပ်ငန်းတာဝန်များခွဲဝေဆောင်ရွက်ခြင်း အခမ်းအနားကို  ဇန်နဝါရီ ၂၇ ရက်၊ ယနေ့နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမတွင်  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
          အခမ်းအနားတွင် တက်ရောက်လာကြသည့်  ( Book Club) အသင်းဝင်အဖွဲ့မှ တာဝန်ရှိသူများက အများသဘောဆန္ဒဖြင့် အသင်းကို နာယက ၅ ဦးနှင့် ဥက္ကဌ၊ ဒုဥက္ကဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး၊ စာရင်းစစ်မှူး၊ ဒေသကိုယ်စားလှယ်(၆)ဦး၊ ညှိနှိုင်းရေးမှူးများ၊ စုစုပေါင်း အလုပ်အမှုဆောင်အသင်းဝင်(၁၅)ဦးဖြင့် ရွေးချယ်အတည်ပြု ဆောင်ရွက်ခဲ့ကြပြီး၊ အသင်း၏ ရှေ့ဆက် ဆောင်ရွက်မည့်လုပ်ငန်းတာဝန်များကို ခွဲဝေခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် အသင်းအား ပွင့်သာမြေစာပေချစ်သူများအဖွဲ့ ခေါင်းစဉ်ဖြင့် သတ်မှတ်အတည်ပြုခြင်းများ ဆောင်ရွက်ကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
          အဆိုပါ အခမ်းအနားသို့ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မေသန္တာ အောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်စာပေချစ်သူများအဖွဲ့မှ အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရှိရ ပါသည်။  ရဲဝင်းနိုင် (ညောင်ဦး)

0 comments:

Post a Comment