Saturday, January 27, 2018

ပွင့်ဖြူမြို့နယ်၌ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ လယ်ယာမြေပုံစံ(၇)ထုတ်ပေးခြင်းနှင့် စပ်လျဉ်း၍ မကျေနပ်မှုကြောင့် တောင်သူ(၅၀)ဦးအဖွဲ့မှ လမ်းလျှောက် ဆန္ဒပြ




ပွင့်ဖြူ  ဇန်နဝါရီ   ၂၆
          မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ဇန်နဝါရီ ၂၆ ရက်၊ ယနေ့မွန်းလွဲ ၁ နာရီက ဒေသခံတောင်သူ (၅၀)ဦးအဖွဲ့မှ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ လယ်ယာမြေပုံစံ(၇)ထုတ်ပေးခြင်းနှင့် စပ်လျဉ်း၍ မကျေနပ်ကာ လမ်းလျှောက်ဆန္ဒပြမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
          အဆိုပါ ဆန္ဒပြမှုတွင် ပွင့်ဖြူမြို့နယ် အရှေ့လေးအိမ်ကျေးရွာအုပ်စု၊ အရှေ့လေးအိမ်ကျေးရွာနေ တောင်သူဦးထွန်းလှမှ ဦးဆောင်၍ အင်အား(၅၀)ခန့် ပါဝင်ပြီး၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ လယ်ယာမြေပုံစံ(၇)ထုတ်ပေးရာတွင် မမှန်မကန် ဆောင်ရွက်နေမှုကို အထက်အဆင့်ဆင့်အား သိရှိနိုင်ရန်ရည်ရွယ်ကာ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ခြင်းများပြုလုပ်ရန် ပွင့်ဖြူမြို့ ပွင့်မာလာပန်းခြံတွင် လူစုပြီး၊ မွန်းလွဲ ၁ နာရီ ၃၅ မိနစ်အချိန်တွင် စတင်ကာ ပွင့်မာလာပန်းခြံမှ ဗိုလ်ချုပ်လမ်းအတိုင်း လမ်းလျှောက်ပြီး တရားဥပဒေ စိုးမိုးရေး - ဒို့အရေး ၊ လယ်ယာမြေဥပဒေကို မှန်ကန်စွာကျင့်သုံးရေး - ဒို့ အရေး၊ ပုံစံ(၇)ထုတ်ပေးရာတွင် မမှန်မကန်ဆောင်ရွက်ထားသော ပွင့်ဖြူမြို့နယ် လယ်စီ - အလိုမရှိ ၊ တောင်သူလယ်သမား အရေး အောင်ရမည် ဟူသော စာတန်းပါ (၃’ × ၂’)ဗီနိုင်း နှစ်ချပ်အား ကိုင်ဆောင်၍ ကြွေးကြော်သံများ သံပြိုင်ဟစ်ကာ  မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံးရှေ့အထိ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် လမ်းလျှောက်ခဲ့ပြီး မွန်းလွဲ ၂ နာရီ ၁၅ မိနစ်အချိန်တွင် ရပ်နားခဲ့ကြောင်း သိရသည်။   ရဲဝင်းနိုင် (ညောင်ဦး)

0 comments:

Post a Comment