Tuesday, January 30, 2018

အခြေခံကျန်းမာရေးတက္ကသိုလ် သက်တမ်း(၂၃)နှစ်မှာ ကျန်းမာရေးသိပ္ပံဘွဲ့ရမောင်မယ်(၂၁၂၅)ဦး လေ့ကျင့်မွေးထုတ်




မကွေး     ဇန်န၀ါရီ     ၂၈
          အခြေခံကျန်းမာရေး တက္ကသိုလ်(မကွေး) (၁၅)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ဇန်န၀ါရီလ ၂၇ နံနက် ၉ နာရီက အခြေခံကျန်းမာရေးတက္ကသိုလ်(မကွေး)မြဧရာခန်းမ၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
          မြန်မာနိုင်ငံနှင့်ဒေသအတွင်းဦးဆောင်သော အခြေခံကျန်းမာရေး တက္ကသိုလ်တစ်ခုအဖြစ် ရပ်တည်ရန် ရည်မှန်းချက်(Vision)နှင့်အရည်အချင်းပြည့်ဝသော အခြေခံကျန်းမာရေး ပညာရှင်များ မွေးထုတ်ရန်၊ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုကို နှီးနွယ်ဌာနများနှင့်ပူးပေါင်း၍ အပြည့် အ၀ပေးရန်နှင့်အရည်အသွေးရှိသော ပြည်သူအကျိုးပြု သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန် ဟူသော လုပ်ငန်းတာဝန်(Mission)သုံးခုနဲ့ အကောင်အထည်ဖော်ဆောင်ရွက်နေပါတယ်၊ အခြေခံ ကျန်းမာရေး တက္ကသိုလ်အဖြစ် အဆင့်မြှင့်တင်တဲ့ ၁၉၉၅ ခုနှစ်မှ ယနေ့အထိ ကျန်းမာရေး သိပ္ပံဘွဲ့ရမောင်မယ်(၂၁၂၅)ဦးအပြင် အခြားလက်မှတ်ရ သင်တန်းသားများဖြစ်တဲ့ လက်ထောက် ကျန်းမာရေးမှူး(၁၄၂၆)ဦး၊ ပြည်သူ့ကျန်းမာရေးကြီးကြပ် (၁) (၁၅၁၁)ဦးနဲ့ ပြည်သူ့ကျန်းမာရေး ကြီးကြပ်(၂)(၃၃၃၂)ဦးတို့ကို လေ့ကျင့်မွေးထုတ်ပေးခဲ့ပြီးဖြစ်တယ်၊ ထို့အပြင် ဆေးတက္ကသိုလ် (မကွေး)မှ အလုပ်သင်ဆရာဝန် စုစုပေါင်း(၄၆၀၂)ဦးကိုလည်း လူထုကျန်းမာရေး ပညာရပ်အတွက် ကွင်းဆင်းလေ့ကျင့် သင်ကြားပေးခဲ့ပြီးဖြစ်ပါတယ်ဟု  ယမန်နေ့ကကျင်းပတဲ့ (၁၅) ကြိမ်မြောက် အခြေခံကျန်းမာရေးတက္ကသိုလ်(မကွေး)ဘွဲ့နှင်းသဘင် အခမ်းအနားတွင် ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာထင်ဇော်စိုးက ထည့်သွင်းပြောကြားသည်။
          အခြေခံကျန်းမာရေး တက္ကသိုလ်(မကွေး) (၁၅)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ဘွဲ့အပ်နှင်းပွဲ အစီအစဉ်များအတိုင်း ဆောင်ရွက်ခဲ့ကြောင်းနှင့် ယခုနှစ် ဘွဲ့အပ်နှင်းပွဲ အခမ်းအနား၏ ထူးခြားမှုအနေဖြင့် ကျန်းမာရေးမဟာသိပ္ပံဘွဲရရှိသူ(၃)ဦးအား သက်ဆိုင်ရာဘွဲ့လက်များ အပ်နှင်းနိုင်ခဲ့ ကာ ကျန်းမာရေးသိပ္ပံဘွဲ့(အခြေခံကျန်းမာရေး)ရရှိသူ(၁၅၁)ဦးတို့အား ဘွဲ့လက်မှတ်များ အသီးသီး အပ်နှင်းခဲ့ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment