Sunday, January 28, 2018

မင်းဘူး(စကု)မြို့နယ်၌ ရင်းနှီးမြှုပ်နှံမှုအစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ကွင်းဆင်းကြည့်ရှုစစ်ဆေး





မင်းဘူး   ဇန်နဝါရီ  ၂၆
          စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ဒေသများတွင် လူမှုစီးပွားဘဝများ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာစေရေး ရင်းနှီးမြှုပ်နှံမှု အစီအစဉ်ဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရပြီး၊ အဆိုပါ ဆောင်ရွက်နေသည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများအား ဇန်နဝါရီ ၂၆ ရက်၊ ယနေ့နံနက်ပိုင်းက မင်းဘူး(စကု)မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ် ဦးကျော်စွမ်းရည်၊ မင်းဘူး(စကု)မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဘုန်း လင်းနှင့် ဝန်ထမ်းများအဖွဲ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။ 

          မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးရေးဦးစီးဌာမှ ရင်းနှီးမြှုပ်နှံမှုအစီအစဉ်ဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း များကို ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာနှစ်တွင် ကျေးရွာ(၅)ရွာ၊ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်တွင် ကျေးရွာ(၁၀)တို့ကို ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များ ဖွဲ့စည်းပြီး ကျေးရွာတစ်ရွာလျှင် ဖွံ့ဖြိုးရေးရန်ပုံငွေကျပ် သိန်း(၅၀)ဖြင့်  ဖွံ့ဖြိုးရေးလုပ်ငန်းများ ချမှတ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ထို့အပြင်  ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်တွင်လည်း ရင်းနှီးမြှုပ်နှံမှုအစီအစဉ်ဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ရန် ကျေးရွာ(၈)ရွာ ထပ်မံ ဆောင်ရွက်ခွင့်ရရှိခဲ့ကြောင်း သိရပြီး အဆိုပါ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို  မင်းဘူး(စကု)မြို့နယ် တပင်ကျေးရွာတွင် ကျေးရွာတွင်း မြေသားလမ်း အရှည်ပေ(၆၀၀)ကို ကွန်ကရစ်လမ်းအဆင့် ခင်းကျင်းဆောင်ရွက်ခြင်း၊ ထိန်တောကျေးရွာတွင် အရှည်(၁၅၇၅)ပေ ၄၀၀ ဗို့ ဓာတ်အားလိုင်း တိုးချဲ့တည်ဆောက်ခြင်း၊ ပေါက်ငူ - ပဒေသာကျွန်း ကျေးရွာချင်းဆက်လမ်းနှင့် ကုန်ထုတ်လမ်းပေါ်ရှိ ပေါက်လေးပင် သဲရိုးကွန်ကရစ်တံတား အရှည်(၂၀’ × ၁၄’ × ၆ ’ )တည်ဆောက်ခြင်း၊ ကုလားပါကျေးရွာ ကုန်ထုတ်လမ်း အရှည်ပေ (၈၆၂၀)ပေအား မြေနီကျောက်စရစ်ခင်းခြင်း၊ ညောင်ကိုင်းကျေးရွာ၌ ကျေးရွာတွင်းလမ်း အရှည်(၇၇၁၈)ပေ မြေနီကျောက်စရစ်ခင်းခြင်း၊ ချင်းကုန်း(တ)ကျေးရွာ ကုန်ထုတ်လမ်း အရှည် (၈၄၀၀)ပေ မြေနီကျောက်စရစ်ခင်းခြင်း၊ (၁၅/ ၆)မိုင်မှ ကျွန်းပြားကျေးရွာသို့ ဆက်သွယ်သည့်လမ်း ပျက်စီးနေသော လမ်းပိုင်းတွင် အရှည် (၁၇၈၂၀)ပေ ပြန်လည်ပြုပြင်ခြင်း၊ လေးပင်ကျေးရွာတွင် ကျေးရွာတွင်လမ်း အရှည်(၈၉၀၀)ပေ မြေနီကျောက်စရစ်ခင်းခြင်း စသဖြင့် ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာတစ်ရွာလျှင် ဖွံ့ဖြိုးရေးရန်ပုံငွေကျပ် သိန်း(၁၀၀)ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ ဆောင်ရွက်နေသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများအား ယနေ့နံနက်ပိုင်းက မင်းဘူး(စကု)မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်စွမ်းရည်၊ မင်းဘူး(စကု)မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဘုန်းလင်းနှင့် ဝန်ထမ်းများအဖွဲ့က သတ်မှတ်အရည်အသွေးများဖြင့် ဆောင်ရွက်နေမှု ရှိ ၊ မရှိ သွားရောက် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ရာ ကျေးရွာများအလိုက် ဖွံ့ဖြိုးရေးကော်မတီဝင်များက ဆောင်ရွက်နေသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများအဖွဲ့က ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ အလျင်အမြန် ဖွံ့ဖြိုးလာစေရေး အတွက် ဆောင်ရွက်ပေးခြင်းဖြစ်၍ ရေရှည်အကျိုးဖြစ်စေမည့် လုပ်ငန်းများဖြစ်အောင် စနစ်တကျ လုပ်ကိုင်ဆောင်ရွက် သွားကြရန် ရှင်းလင်းမှာကြားခဲ့ကြောင်း သိရသည်။  
 ရဲဝင်းနိုင် (ညောင်ဦး)

0 comments:

Post a Comment