Tuesday, January 30, 2018

ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးဟောပြောကာ ငလျင်လှုပ်နေစဉ် ဘေးကင်းစွာနေထိုင်နည်း သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်




မကွေး      ဇန်န၀ါရီ     ၃၀   
မကွေးတို်းဒေသကြီး ကယ်ဆယ်ရေးဦးစီးဌာနမှကြီးမှူး၍ ပြုလုပ်သော ငလျင်ဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းကို မကွေးမြို့ အထက (၁)တွင် ဇန်န၀ါဇရီ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က ပြုလုပ်ခဲ့သည်။

မကွေးမြို့အထက(၁) ပန်းဟေဝန်ခန်းမတွင် ငလျင်အကြောင်းသိကောင်းစရာများကို တိုင်းဒေ သကြီး မိုး/ဇလဦးစီးဌာနမှ ဦးလွင်ဦးမောင်က လည်းကောင်း၊ ငလျင်လှုပ်နေစဉ် ဘေးကင်းစွာနေထိုင် နည်းကို ကြက်ခြေနီတပ်ဖွဲ့မှ ဦးညီညီဇေမှ လည်းကောင်း ဟောပြောပို့ချခဲ့ရာ ဆရာ/မ ကျောင်းသား ကျောင်းသူ(၃၀၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။

ထို့နောက် ငလျင်ဘေးသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းကို အဆိုပါကျောင်းဝန်းအတွင်း၌ နေ့လယ် ၂ နာရီခွဲအချိန်တွင် ဆက်လက်ဆောင်ရွက်ရာ အန္တရာယ်ကင်းစုဝေးရပ်သို့ ဆရာ ဆရာမ များ၏ ကြီးကြပ်မှုဖြင့် ရွှေ့ပြောင်း နေရာယူခြင်း၊အကာကွယ်အောက်တွင်နေရာယူခြင်း၊ဒါဏ်ရာရ ကျောင်းသား ကျောင်းသူများအား ရှေ့ဦးပြုစုကုသခြင်းနှင့် အရေးပေါ်လူနာများကို ဆေးရုံသို့ ညွှန်းပို့ခြင်းတို့ကို အစီစဉ်အတိုင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment