မင်းဘူး ဇန်န၀ါရီ ၃၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ အထက(၂)ကျောင်းခန်းမတွင်
မီးလောင်မှုကြောင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက်
ကျောင်းအခြေပြု မီးဘေးလုံခြုံရေးဟောပြောပွဲနှင့် သရုပ်ပြလေ့ကျင့်မှုများကို ယနေ့ နံနက်(၁၀)နာရီ
က ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါအခမ်းအနားတွင်
အမှတ်(၃)အရံတပ်ခွဲမှူး ဦးမောင်ဝင်းမှ ကျောင်းသား/သူ များအား မီးဘေးကြိုတင်ကာကွယ်ရေးအတွက်
မိမိတို့အိမ်တွင် မီးချိတ်၊မီးကတ်၊သဲအိတ်၊ ရေအိတ်များအား စနစ်တကျ ထားရှိရန် ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မင်းဘူးမြို့နယ် ဒု-မီးသတ်ဦးစီးမှူး ဦးအောင်စိုးမောင်မှ အိမ်တိုင်းတွင်
မီးသတ်ဆေးဘူးများဆောင် ထားသင့်ကြောင်း၊ မီးလောင်မှု ဖြစ်ပွားလျှင် မီးသတ်ဆေးဘူးအား
စနစ်တကျ သုံးစွဲတတ်စေရန် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အထက(၂)ကျောင်းခန်းမရှေ့
မြေကွက်လပ်၌ လက်တွေ့သရုပ်ပြ လေ့ကျင့် ရာတွင် ဆီမီးလောင်မှုအား ဆရာ/ဆရာမများ၊ ကျောင်သား/သူများ
ကိုယ်တိုင် မီးသတ် ဆေးဘူးဖြင့် မီးငြိမ်းသတ်စေခြင်း၊ အ၀တ်စိုဖြင့် ဖုံးအုပ်ငြိမ်းသတ်ခြင်းများကို
လက်တွေ့ ပြုလုပ်စေခဲ့ကြကြောင်း သိရှိရသည်။
မျိုးမြတ်(မင်းဘူး)
0 comments:
Post a Comment