မကွေး ဇန်နဝါရီ ၂၅
မကွေးတိုင်းဒေသကြီး
၂၀၁၈ခုနှစ် ဇန်နဝါရီလ ၂၅ရက်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီး စိုက်ပျိုးရေး
ဦးစီးဌာနရုံးတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှု၊
လမ်းညွှန်မှု၊ ပံ့ပိုးမှုနှင့် တိုင်းစိုက်ပျိုးရေးဦးစီးဌာန၏
ကြိုးပမ်းဆောင်ရွက်မှုတို့ဖြင့် မကွေးတိုင်းဒေသကြီးအတွင်း
စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားစေရေးအတွက် ရည်ရွယ်၍ မြေဆီလွှာဓါတ်ခွဲခန်း
ဖွင့်ပွဲအခမ်း အနားကို ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့
ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက လမ်းညွှန်အမှာစကားပြောကြားရာတွင် "မြေဆီလွှာ
ဓါတ်ခွဲခန်းကို ဖွင့်လှစ်နိုင်ခဲ့တဲ့အတွက် တောင်သူ များရဲ့ မြေဆီလွှာပြဿနာများကို
ဖြေရှင်းပေးနိုင်ယုံသာမက အသိပညာ၊ နည်းပညာများ ရရှိလာမှာ ဖြစ်ပါတယ်။
မြေဆီလွှာဆိုင်ရာအချက်အလက်များကို မိမိစိုက်ခင်းမရောက်မီ ကြိုတင်သိရှိလာနိုင် သလို
မြေကောင်းတစ်ရပ်လက္ခဏာရပ်များကို ထိမ်းသိမ်းလာတတ်စေပြီး၊မြေဆီလွှာ ပြဿနာရပ် များအပေါ်
လက်တွေ့ကိုင်တွယ်ဖြေရှင်းနိုင်မှာဖြစ်ပါတယ်၊စိုက်ပျိုးထုတ်လုပ်သူများအတွက်
မိမိစိုက်ပျိုး ထုတ်လုပ်သော သီးနှံများ၏အရည်အသွေးနှင့် တစ်ဧကအထွက်နှုန်းတိုးတက်ရေး၊
မျှော်မှန်းအထွက် နှုန်းရရှိရေး ဖော်ဆောင်လာနိုင်မှာဖြစ်တယ်" စသဖြင့်
ထည့်သွင်း ပြောကြားခဲ့သည်။
ဆက်လက်၍
စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက မြေဆီလွှာဓါတ်ခွဲခန်းနှင့် ပါတ်သက်၍
ရှင်းလင်းတင်ပြခဲ့ရာ ယနေ့ဖွင့်လှစ်သော မြေဆီလွှာဓါတ်ခွဲခန်းမှ မြေဆီလွှာများကို
ဓါတ်ခွဲပေးနိုင်ခြင်း ၊ စိုက်ပျိုးသွင်းရေ ဓါတ်ခွဲပေးနိုင်ခြင်း၊
ဓါတ်မြေသြဇာဓါတ်ခွဲပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများရရှိနိုင်ပြီး
ဓါတ်ခွဲစမ်းသပ်မှုအမျိုးအစား(၁၅)မျိုးကို လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ တောင်သူများအတွက်
မြေဆီလွှာဆိုင်ရာအသိပညာများ တိုးတက်လာပြီး နည်းပညာပါပြောင်းလဲ အသုံးချနိုင်မည်ဖြစ်ကြောင်း
သိရသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့
ဝန်ကြီးချုပ်က မြေဆီလွှာဓါတ်ခွဲခန်းကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပြီး ဓါတ်ခွဲခန်းအတွင်း
လှည့်လည်ကြည့်ရှုခဲ့ကြကြောင်းနှင့် အခမ်းအနားသို့ မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့
ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ စိုက်ပျိုးရေးဦးစီးဌာန
တိုင်းဒေသကြီးဦးစီးမှူး၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊
စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများ၊ အခြားဖိတ်ကြားထားသူ များ တက်ရောက်ခဲ့ကြကြောင်း
သိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment