Wednesday, January 31, 2018

ယာဉ်စည်းကမ်း/လမ်းစည်းကမ်း ပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ




မင်းဘူး ဇန်နဝါရီ                   ၃၁
          မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီမှ ထုတ်ဝေသည့် ယာဉ်စည်းကမ်း/ လမ်းစည်းကမ်း  ပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေးခြင်းကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဇန်နဝါရီလ ၃၁ ရက်နေ့ နံနက် ၈ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရီးသွားပြည်သူများ၏ အသက်စည်းစိမ်လုံခြုံရေး၊ ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရေးတို့အတွက် လူစည်ကားရာ နေရာဖြစ်သည့် မင်းဘူးမြို့ အမှတ်(၄) ရပ်ကွက် မြောက်လှည်းကောက် အဝိုင်းပတ်လမ်းဆုံတွင် ယာဉ်စည်းကမ်း/ လမ်းစည်းကမ်း ပညာပေး လက်ကမ်းစာစောင်ရေ (၃၀၀) ကျော် ဖြန့်ဝေပေးခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်များမှလည်း မီးဘေးကြိုတင် ကာကွယ်ရေး လက်ကမ်းစာစောင်များကို တပါတည်း ဖြန့်ဝေခဲ့ကြကြောင်း သိရှိရ ခဲ့ကြောင်း သိရှိရသည်။

0 comments:

Post a Comment