Thursday, January 4, 2018

ပွင့်ဖြူမြို့နယ်တွင် နှစ်(၇၀)ပြည့် လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပ


ပွင့်ဖြူ  ဇန်နဝါရီ  ၎
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် နှစ်(၇၀)ပြည့် လွတ်လပ်ရေးနေ့ အခမ်းအနားကို ဇန်နဝါရီ ၄ ရက် ယနေ့နံနက် ၄ နာရီ ၂၀ မိနစ်အချိန်က ပွင့်ဖြူမြို့ ပွင့်မာလာပန်းခြံရှိ လွတ်လပ်ရေးကျောက်တိုင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။
ရှေးဦးစွာ ပွင့်ဖြူမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်း၊ ပွင့်ဖြူမြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးဝင်းရွှေ၊ ပွင့်ဖြူမြို့နယ်ရဲတပ်ဖွဲ့စခန်းမှ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့ပေါ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် မြို့မိမြို့ဖများက နံနက် ၄ နာရီ ၂၀ မိနစ်အချိန်တွင် နိုင်ငံတော်အလံတင်ခြင်းနှင့် နိုင်ငံတော်အလံအား အလေးပြုခဲ့ကြသည်။ ဆက်လက်၍  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ၊ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံမှ ပေးပို့သော နှစ်(၇၀)ပြည့် လွတ်လပ်ရေးနေ့ သဝဏ်လွှာအား ပွင့်ဖြူမြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးဝင်းရွှေက ဖတ်ကြားခဲ့သည်။ ဆက်လက်၍ အခမ်းအနားတွင် ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  မြို့နယ်ဦးစီးမှူး ဒေါ်မေသန္တာအောင် ဦးဆောင်၍ ဝန်ထမ်းများက နှစ်(၇၀)ပြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်နေ့ သတင်း စကားလက်ကမ်းစာစောင်များကို အခမ်းအနားတက်ရောက်လာသူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
                                                                                                                      ရဲဝင်းနိုင် (ညောင်ဦး)

0 comments:

Post a Comment