Saturday, January 27, 2018

ချောက်မြို့ မြို့ထွက်အန္တရာယ်အလိန်ကွေ့လမ်း တွင် စက်ပျက်နေသော တွဲကားပေါ်မှ တရားမဝင်း သစ်များဖမ်းဆီးမိ


************

မကွေးတိုင်းဒေသကြီး ချောက်မြို့အထွက် အန္တရာယ် အလိန်ကွေ့ လမ်းအတတ်လမ်းပိုင်းတွင်  စက်ပျက်နေသော (၂၂) ဘီး ခေါင်းအဖြူရောင် တွဲကားပေါ်မှ တရားမဝင် သစ်များကို ဇန်နဝါရီလ (၂၆) ရက် နေ့လည်ပိုင်းတွင် ဖမ်းဆီးမိခဲ့သည်ဟု ဒေသခံတစ်ဦးမှ ပြောကြားခဲ့သည်

ချောက်မြို့ အမှတ်(၁၅) နယ်မြေ တိုးချဲ့ရပ်ကွက်
မြို့အထွက် ချောက်-ဂွေးချို သွား ကားလမ်း မိုင်တိုင်အမှတ် - ၄၀၄/၁ အနီးတွင် ယာဉ်မောင်း ကျော်ထွန်း မောင်းနှင်းလာသော ယာဉ်အမှတ် MDY/ 1N- 3594  HINO - 700 (၂၂) ဘီးခေါင်းအဖြူရောင် တွဲကား နောက်တွဲ ယာဉ်အမှတ် 1TLR-4167 ပေါ်အား စစ်ဆေးရာ ကားနောက်တွဲတွင် တင်ဆောင်လာသော စပါးခွံအိတ် (၁၀) လုံးအောက်တွင် ပိတောက် ခွဲသားဆိုဒ်စုံ (၈၅)တုံး အလေးချိန် (၁၃.၆၅၄၈) တန် ကာလတန်းဖိုးငွေ (၁၆၃၈၅၇၆၀ိ/-) ကျပ်ခန့်အား ဖမ်းဆီးသိမ်းဆည်းခဲ့သည်ဟု ဦးစီးမှူး ဦးခင်မောင်ဝင်း( ချောက်မြို့နယ် သစ် တောဦးစီးဌါနမှ ) မှ ပြောကြားခဲ့သည်

မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ရဲအုပ် နန်းရဲဇော်နှင့် တပ်ဖွဲ့ဝင်များ ချောက်မြို့မရဲစခန်း ခေတ္တစခန်းမှူး ရဲအုပ် ထွန်းဦးဝင်း နှင့် တပ်ဖွဲ့ဝင်များ ချောက်မြို့နယ် သစ်တောဦးစီးဌါန ဦးစီးမှူး ဦးခင်မောင်ဝင်း နှင့် ဝန်ထမ်းများ အမှတ်(၁၅) နယ်မြေ အုပ်ချုပ်ရေးမှူး ဦးလင်းဌေး ဆယ်အိမ်မှူး ဦးထွေးအောင်နိုင် မကွေးမြို့ ရန်ဝေးရပ် ဆယ်အိမ်မှူးး ဦးလှိုင်ဇေယျာ တို့နှင့်အတူ သတင်းရရှိသောကြောင့် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးဖမ်းဆီးခဲ့သည်ဟု ချောက်မြို့မရဲစခန်းမှ သိရှိရပါသည်

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ပိတောက်ခွဲသားများအား တရားမဝင် သယ်ဆောင်လာသူ ကျော်ထွန်း (၄၂) နှစ် (ဘ) ဦးကြိုင် အမှတ် (၈၂-၈၃) လမ်းကြား ကြည်ဝင်းရပ်ကွက် အောင်မြေသာဇံမြို့နယ် မန္တလေးတိုင်းဒေသကြီး နေသူအား ဇန်နဝါရီလ (၂၇) ရက်နေ့ နံနက်ပိုင်းတွင်  ချောက်မြို့မရဲစခန်း (ပ) ၁၀ / ၂၀၁၈  ပပက ၆ (၁) ဖြင့် ရဲအုပ် ထွန်းဦးဝင်း မှ အမှုစစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရှိရပါသည်။

0 comments:

Post a Comment