Wednesday, January 24, 2018

မင်းဘူး(စကု)မြို့နယ်၊ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် ကျင်းပ




မင်းဘူး       ဇန်နဝါရီ      ၂၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ အထက(၂)ကျောင်းခန်းမတွင် ယနေ့နံနက် (၉)နာရီက ၂၀၁၇-၂၀၁၈ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်အခမ်းအနား ကျင်းပပြုလုပ် သည်။

          အခမ်းအနားတွင် ခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက ''ကြိုဆိုပါသည် စုံညီပွဲတော်သီချင်း'' သီဆို၍ အခမ်းအနားဖွင့်လှစ်ပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စွမ်းရည်က အမှာစကားပြောကြားခြင်း၊ မင်းဘူး(စကု) မြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းမှ အမှာစကားပြောကြားခြင်း၊ မြို့နယ် ပညာရေးမှူး ဦးကြည်လွင်မှ မိဘ၊ဆရာ၊ကျောင်းသား ပညာရေးစုံညီပွဲတော် ကျင်းပရခြင်း ရည်ရွယ်ချက်နှင့်လုပ်ငန်းများကို ရှင်းလင်းတင်ပြခြင်းများ ပြုလုပ်ခဲ့ကြသည်။

          ထို့နောက် ၂၀၁၇ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ မြို့နယ်အောင်ချက်အကောင်းဆုံး (၃)ကျောင်းအား ဆုချီးမြှင့်ခြင်း၊ မြို့နယ်ပညာရည်ချွန်ဘက်စုံထူးချွန်ဆုရရှိသူများနှင့် မြို့နယ်ဖွံ့ဖြိုးရေးပြိုင်ပွဲတွင် ထူးချွန်ဆုရရှိသူများအား တိုင်းဒေသကြီးလွှတ်တော် ကိုယ်စား လှယ် ဦးကျော်စွမ်းရည်မှလည်းကောင်း၊ မင်းဘူး(စကု)မြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းမှလည်းကောင်း၊ သက်ဆိုင်ရာတာဝန်ရှိသူများမှ လည်းကောင်း အသီးသီး ဆုချီးမြှင့်ခဲ့ကြပြီး ဏ္ဍအလိုက် ဆုရရှိသူများ အား ကျောင်းသား မိဘများမှလည်းကောင်း ဆုချီးမြှင့်ခဲ့ကြသည်။ အခမ်းအနားတက်ရောက် လာကြသူများအား ကျောင်းသား/ သူလေးများက အကအလှဖြင့် ဖျော်ဖြေခဲ့ကြပြီး အထက(၂) ကျောင်းသား/သူများမှ ''ဇာတိမာန်'' အပိတ်သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရှိရသည်။
                                                                                                မျိုးမြတ်(မင်းဘူး)

0 comments:

Post a Comment