ပေါက် ဇန်နဝါရီ ၂၁
မကွေးတိုင်းဒေသကြီး|ပခုက္ကူခရိုင်| ပေါက်မြို့နယ်ရှားပင်ရေကျေးရွာ၌အ
ခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မှအခြေခံပညာအလယ်တန်းကျောင်းအ ဖြစ်သို့အဆင့်တိုးမြှင့်ဖွင့်လှစ်ခြင်းနှင့်ပညာရေးစုံညီပွဲတော်ကိုဇန်နဝါရီ၂၀ရက်
နံနက်ပိုင်းကအဆိုပါကျောင်း၌ကျင်းပခဲ့ရာပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးရဲထွန်းဝင်း|မြို့နယ်အုပ်ချုပ်ရေးမှူးဦး
ကျော်စွာအုန်းနှင့်မြို့နယ်ပညာရေးမှူး ဒေါ်နန်းမြင့်တို့ကကျောင်းအဆင့်တိုးမြှင့်
ခြင်းနှင့်ပညာရေးစုံညီပွဲတော်အထိမ်း
အမှတ်အခမ်းအနားကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ ကြသည်။
အခမ်းအနားတွင်အဆိုပါကျောင်း မှကျောင်းသားကျောင်းသူကမြန်မာ့
ကျောင်းသီချင်းဖြင့်စတင်ဖွင့်လှစ်ခဲ့ပြီး
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က အဖွင့်အမှာစကားပြောကြားခဲ့ပါတယ် အဲဒီနောက်မြို့နယ်အုပ်ချုပ်ရေးကပညာရေးအဆင့်တိုးမြှင့်လာသည်နှင့်အညီဆရာဆရာမများ|ကျောင်းသား
ကျောင်းသူများနှင့်အဆောက်များ လည်းပိုမိုလိုအပ်လာပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ဆက်လက်၍မြို့
နယ်ပညာရေးမှူးကအခြေခံပညာအ လယ်တန်းကျောင်းအဆင့်တိုးမြှင့်တာနဲ့ပတ်သက်၍ထက်မြက်တဲ့သူတွေက
ပတ်ဝန်းကျင်ကိုအသုံးချ၍အောင်မြင် တဲ့သူတွေကပတ်ဝန်ကျင်ကိုပြောင်းလဲ စေပါတယ်အဲဒီလိုပဲဆရာဆရာမများ
နှင့်ကျောင်းသားကျောင်းသူများက လည်းပြောင်းလဲပေးကြရန်နှင့်ပညာ ရေးစုံညီပွဲတော်နှင့်ပတ်သက်၍
``စုံညီ ပွဲတော်´´ဆိုတာမိဘ|ဆရာ| ကျောင်း သားများပြန်လည်ဆုံတွေ့ကာပျော်ပွဲ ရွှင်ပွဲပြုလုပ်တဲ့အသဘောတရားဖြစ်
ကြောင်းပြောကြားခဲ့သည်။အဲဒီနောက် မြို့နယ်ပြန်/ဆက်ဦးစီမှူးဦးစောမြင့်ခိုင်
ကပြန်ကြားပေးရန်|ပညာပေးရန်|ဖျော် ဖြေပေးရန်နှင့်ပတ်သက်သည်များကို
လည်းကောင်း|အဆိုပါကျေးရွာကျောင်း အုပ်ဆရာမကြီးဒေါ်ခင်မာချိုကကျောင်းသမိုင်းအကျင်းကိုလည်းကောင်း|
ကျောင်းအကျိုးတော်ဆောင်ဦးအောင် မင်းစိုးက ကျေးဇူးတင်စကားပြန်လည် ပြောကြား ခဲ့ပါတယ်။
ဆက်လက်၍အဆိုပါကျောင်း၌၂၀၁၆- ၂၀၁၇ပညာသင်နှစ်တွင်ကျောင်းသား ကျောင်းသူများ၏ကာယ|ဉာဏ|စာရိတ္တကဏ္ဍ
အသီးသီးတွင်ထူးချွန်စွာရရှိ သည့်ကျောင်းသားကျောင်းသူများအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးရဲ ထွန်းဝင်းနှင့်တာဝန်ရှိသူများကဂုဏ်ပြု ဆုများချီးမြှင့်ပေးအပ်ခဲ့ကြပြီးကျောင်း
သားကျောင်းသူများကဖျော်ဖြေရေးအ စီအစဉ်များဖြင့်ကပြဖျော်ဖြေခဲ့ကြ ကြောင်း သိရသည်။
ဉာဏ်တိုး(ပေါက်)
0 comments:
Post a Comment