ပခုက္ကူ ဇန်နဝါရီ ၎
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ လွတ်လပ်ရေးပန်းခြံဝန်း၌
နှစ်(၇၀)ပြည့်လွတ်လပ်ရေးနေ့အလံတင်ခြင်း နှင့်သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို ဇန်နဝါရီလ
၎ ရက် နံနက်ပိုင်းက ကျင်းပသည်။
ရှေးဦးစွာ လွှတ်တော်ကိုယ်စားလှယ်များ၊ ပခုက္ကူခရိုင်အုပ်ချုပ်ရေးမှူး
ဦးကိုကိုလွင်နှင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများကယနေ့နံနက်၎နာရီမိနစ်၂၀အချိန်တွင်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား
လွှင့်တင်
ကြသည်။
ထို့နောက် နံနက် ၇နာရီအချိန်တွင် နှစ်(၇၀)ပြည့်လွတ်လပ်ရေးနေ့သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို
ဆက်လက်ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအလံအား ဂုဏ်ပြုတပ်ဖွဲ့ဖြင့်အလေးပြုကြသည်။
ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံမှပေးပို့သောနှစ်(၇၀)ပြည့်လွတ်လပ်ရေးနေ့
သဝဏ်လွှာအား ပခုက္ကူခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကိုကိုလွင်က ဖတ်ကြားသည်။ ထို့အပြင်
ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများများက အခမ်းအနားတက်ရောက်သူများအား
နှစ်(၇၀) ပြည့်လွတ်လပ်ရေးနေ့အထိမ်းအမှတ်လက်ကမ်းစာစောင်များ ဖြန့်ဝေပေးလျက်ကြောင်းသိရသည်။
အဆိုပါအခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊
ပခုက္ကူခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊
လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ တက်ရောက်ကြကြောင်းသိရသည်။
ဆလိုင်းကိုကီး
0 comments:
Post a Comment