This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Wednesday, January 31, 2018

ယာဉ်စည်းကမ်း/လမ်းစည်းကမ်း ပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ




မင်းဘူး ဇန်နဝါရီ                   ၃၁
          မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီမှ ထုတ်ဝေသည့် ယာဉ်စည်းကမ်း/ လမ်းစည်းကမ်း  ပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေးခြင်းကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဇန်နဝါရီလ ၃၁ ရက်နေ့ နံနက် ၈ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရီးသွားပြည်သူများ၏ အသက်စည်းစိမ်လုံခြုံရေး၊ ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရေးတို့အတွက် လူစည်ကားရာ နေရာဖြစ်သည့် မင်းဘူးမြို့ အမှတ်(၄) ရပ်ကွက် မြောက်လှည်းကောက် အဝိုင်းပတ်လမ်းဆုံတွင် ယာဉ်စည်းကမ်း/ လမ်းစည်းကမ်း ပညာပေး လက်ကမ်းစာစောင်ရေ (၃၀၀) ကျော် ဖြန့်ဝေပေးခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်များမှလည်း မီးဘေးကြိုတင် ကာကွယ်ရေး လက်ကမ်းစာစောင်များကို တပါတည်း ဖြန့်ဝေခဲ့ကြကြောင်း သိရှိရ ခဲ့ကြောင်း သိရှိရသည်။

Tuesday, January 30, 2018

ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးဟောပြောကာ ငလျင်လှုပ်နေစဉ် ဘေးကင်းစွာနေထိုင်နည်း သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်




မကွေး      ဇန်န၀ါရီ     ၃၀   
မကွေးတို်းဒေသကြီး ကယ်ဆယ်ရေးဦးစီးဌာနမှကြီးမှူး၍ ပြုလုပ်သော ငလျင်ဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းကို မကွေးမြို့ အထက (၁)တွင် ဇန်န၀ါဇရီ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က ပြုလုပ်ခဲ့သည်။

မကွေးမြို့အထက(၁) ပန်းဟေဝန်ခန်းမတွင် ငလျင်အကြောင်းသိကောင်းစရာများကို တိုင်းဒေ သကြီး မိုး/ဇလဦးစီးဌာနမှ ဦးလွင်ဦးမောင်က လည်းကောင်း၊ ငလျင်လှုပ်နေစဉ် ဘေးကင်းစွာနေထိုင် နည်းကို ကြက်ခြေနီတပ်ဖွဲ့မှ ဦးညီညီဇေမှ လည်းကောင်း ဟောပြောပို့ချခဲ့ရာ ဆရာ/မ ကျောင်းသား ကျောင်းသူ(၃၀၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။

ထို့နောက် ငလျင်ဘေးသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းကို အဆိုပါကျောင်းဝန်းအတွင်း၌ နေ့လယ် ၂ နာရီခွဲအချိန်တွင် ဆက်လက်ဆောင်ရွက်ရာ အန္တရာယ်ကင်းစုဝေးရပ်သို့ ဆရာ ဆရာမ များ၏ ကြီးကြပ်မှုဖြင့် ရွှေ့ပြောင်း နေရာယူခြင်း၊အကာကွယ်အောက်တွင်နေရာယူခြင်း၊ဒါဏ်ရာရ ကျောင်းသား ကျောင်းသူများအား ရှေ့ဦးပြုစုကုသခြင်းနှင့် အရေးပေါ်လူနာများကို ဆေးရုံသို့ ညွှန်းပို့ခြင်းတို့ကို အစီစဉ်အတိုင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)

ကျောင်းအခြေပြုမီးဘေးလုံခြုံရေးဟောပြောပွဲနှင့်သရုပ်ပြလေ့ကျင့်မှုများပြုလုပ်




မင်းဘူး       ဇန်န၀ါရီ      ၃၀
          မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ အထက(၂)ကျောင်းခန်းမတွင် မီးလောင်မှုကြောင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် ကျောင်းအခြေပြု မီးဘေးလုံခြုံရေးဟောပြောပွဲနှင့် သရုပ်ပြလေ့ကျင့်မှုများကို ယနေ့ နံနက်(၁၀)နာရီ က ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
          အဆိုပါအခမ်းအနားတွင် အမှတ်(၃)အရံတပ်ခွဲမှူး ဦးမောင်ဝင်းမှ ကျောင်းသား/သူ များအား မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မိမိတို့အိမ်တွင် မီးချိတ်၊မီးကတ်၊သဲအိတ်၊ ရေအိတ်များအား စနစ်တကျ ထားရှိရန် ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မင်းဘူးမြို့နယ်  ဒု-မီးသတ်ဦးစီးမှူး ဦးအောင်စိုးမောင်မှ အိမ်တိုင်းတွင် မီးသတ်ဆေးဘူးများဆောင် ထားသင့်ကြောင်း၊ မီးလောင်မှု ဖြစ်ပွားလျှင် မီးသတ်ဆေးဘူးအား စနစ်တကျ သုံးစွဲတတ်စေရန် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အထက(၂)ကျောင်းခန်းမရှေ့ မြေကွက်လပ်၌ လက်တွေ့သရုပ်ပြ လေ့ကျင့် ရာတွင် ဆီမီးလောင်မှုအား ဆရာ/ဆရာမများ၊ ကျောင်သား/သူများ ကိုယ်တိုင် မီးသတ် ဆေးဘူးဖြင့် မီးငြိမ်းသတ်စေခြင်း၊ အ၀တ်စိုဖြင့် ဖုံးအုပ်ငြိမ်းသတ်ခြင်းများကို လက်တွေ့ ပြုလုပ်စေခဲ့ကြကြောင်း သိရှိရသည်။
  မျိုးမြတ်(မင်းဘူး)

အခြေခံကျန်းမာရေးတက္ကသိုလ် သက်တမ်း(၂၃)နှစ်မှာ ကျန်းမာရေးသိပ္ပံဘွဲ့ရမောင်မယ်(၂၁၂၅)ဦး လေ့ကျင့်မွေးထုတ်




မကွေး     ဇန်န၀ါရီ     ၂၈
          အခြေခံကျန်းမာရေး တက္ကသိုလ်(မကွေး) (၁၅)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ဇန်န၀ါရီလ ၂၇ နံနက် ၉ နာရီက အခြေခံကျန်းမာရေးတက္ကသိုလ်(မကွေး)မြဧရာခန်းမ၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
          မြန်မာနိုင်ငံနှင့်ဒေသအတွင်းဦးဆောင်သော အခြေခံကျန်းမာရေး တက္ကသိုလ်တစ်ခုအဖြစ် ရပ်တည်ရန် ရည်မှန်းချက်(Vision)နှင့်အရည်အချင်းပြည့်ဝသော အခြေခံကျန်းမာရေး ပညာရှင်များ မွေးထုတ်ရန်၊ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုကို နှီးနွယ်ဌာနများနှင့်ပူးပေါင်း၍ အပြည့် အ၀ပေးရန်နှင့်အရည်အသွေးရှိသော ပြည်သူအကျိုးပြု သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန် ဟူသော လုပ်ငန်းတာဝန်(Mission)သုံးခုနဲ့ အကောင်အထည်ဖော်ဆောင်ရွက်နေပါတယ်၊ အခြေခံ ကျန်းမာရေး တက္ကသိုလ်အဖြစ် အဆင့်မြှင့်တင်တဲ့ ၁၉၉၅ ခုနှစ်မှ ယနေ့အထိ ကျန်းမာရေး သိပ္ပံဘွဲ့ရမောင်မယ်(၂၁၂၅)ဦးအပြင် အခြားလက်မှတ်ရ သင်တန်းသားများဖြစ်တဲ့ လက်ထောက် ကျန်းမာရေးမှူး(၁၄၂၆)ဦး၊ ပြည်သူ့ကျန်းမာရေးကြီးကြပ် (၁) (၁၅၁၁)ဦးနဲ့ ပြည်သူ့ကျန်းမာရေး ကြီးကြပ်(၂)(၃၃၃၂)ဦးတို့ကို လေ့ကျင့်မွေးထုတ်ပေးခဲ့ပြီးဖြစ်တယ်၊ ထို့အပြင် ဆေးတက္ကသိုလ် (မကွေး)မှ အလုပ်သင်ဆရာဝန် စုစုပေါင်း(၄၆၀၂)ဦးကိုလည်း လူထုကျန်းမာရေး ပညာရပ်အတွက် ကွင်းဆင်းလေ့ကျင့် သင်ကြားပေးခဲ့ပြီးဖြစ်ပါတယ်ဟု  ယမန်နေ့ကကျင်းပတဲ့ (၁၅) ကြိမ်မြောက် အခြေခံကျန်းမာရေးတက္ကသိုလ်(မကွေး)ဘွဲ့နှင်းသဘင် အခမ်းအနားတွင် ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာထင်ဇော်စိုးက ထည့်သွင်းပြောကြားသည်။
          အခြေခံကျန်းမာရေး တက္ကသိုလ်(မကွေး) (၁၅)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ဘွဲ့အပ်နှင်းပွဲ အစီအစဉ်များအတိုင်း ဆောင်ရွက်ခဲ့ကြောင်းနှင့် ယခုနှစ် ဘွဲ့အပ်နှင်းပွဲ အခမ်းအနား၏ ထူးခြားမှုအနေဖြင့် ကျန်းမာရေးမဟာသိပ္ပံဘွဲရရှိသူ(၃)ဦးအား သက်ဆိုင်ရာဘွဲ့လက်များ အပ်နှင်းနိုင်ခဲ့ ကာ ကျန်းမာရေးသိပ္ပံဘွဲ့(အခြေခံကျန်းမာရေး)ရရှိသူ(၁၅၁)ဦးတို့အား ဘွဲ့လက်မှတ်များ အသီးသီး အပ်နှင်းခဲ့ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)

ရွှေကိုရံ"မျိုးစေ့ထုတ်လုပ်ရေး သမဝါယမအသင်းအားအသေးစားအရင်းအနှီးချေးငွေများပေးအပ်


မြို့သစ် ဇန်နဝါရီ(၃၀)
မကွေးတိုင်းဒေသကြီးမြို့သစ်မြို့နယ်
နဘဲကုန်းကျေးရွာအုပ်စုကိုရံ(တ)ကျေးရွာအုပ်စု"ရွှေကိုရံ"မျိုးစေ့ထုတ်လုပ်ရေးသမဝါယမအသင်းအသေးစားအရင်းအနှီးချေးငွေပေးအပ်ပွဲအခမ်းအနားကိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အစည်းအဝေးခန်းမ၌ယနေ့နံနက်(၁၀)နာရီကကျင်းပသည်။
အခမ်းအနားတွင်မြို့နယ်အုပ်ချုပ်ရေးမှူး
ဦးဟိန်းသူဝင်းမှအဖွင့်အမှာစကားပြောကြားပြီးသမဝါယမဦးစီးဌာနဦးစီးအရာရှိဦးမင်းသိန်းဦးမှအသေးစားအရင်းအနှီးချေးငွေထုတ်ပေးခြင်းနှင့်ပတ်သက်၍လည်းကောင်း/မြို့နယ်သမဝါယမ
အသင်းစုဒါရိုက်တာအဖွဲ့မှအသေးစားအရင်းအနှီးချေးငွေထုတ်ပေးခြင်းနှင့်ပြန်လည်ပေးဆပ်ရ
မည့်အချိန်ကာလများကိုလည်းကောင်း/စိုက်ပျိုး
ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူးဦးဇော်လင်းမှမျိုးစေ့ထုတ်လုပ်ရေးသမဝါယမအသင်းသားများအားမျိုးစေ့ထုတ်လုပ်ဖြန့်ဖြူးခြင်းလုပ်ငန်းများကိုလည်းကောင်းအသးစိတ်ရှင်းလင်းဆွေးနွေးဟောပြောခဲ့သည်။
ဆက်လက်၍မြို့သစ်မြို့နယ်အုပ်ချုပ်ရေးမှူး
ဦးဟိန်းသူဝင်းမှ"ရွှေကိုရံ"စပါးသီးနှံမျိုးစေ့ထုတ်လုပ်ဖြန့်ဖြူးရေးသမဝါယမအသင်းဥက္ကဌဦးမြင့်သိန်းထံသို့အသေးစားအရင်းအနှီးတစ်ဧကလျှင်(၃)သိန်းနှုံးဖြင့်ဧက(၁၀၀)အတွက်အသေးစားအရင်းအနှီးချေးငွေကျပ်သိန်း(၃၀၀)အားလွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး
ဦးဟိန်းသူဝင်း/သမဝါယမဦးစီးဌာနဦးစီးအရာရှိ
ဦးမင်းသိန်းဦးနှင့်ဝန်ထမ်းများစိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူးဦးဇော်လင်းနှင့်တာဝန်ရှိသူများ"ရွှေကိုရံ"မျိုးစေ့ထုတ်လုပ်ရေးသမဝါယမအသင်းဝင်အသင်းသား(၂၀)ဦးစုစုပေါင်း အင်အား(၂၅)ဦး
ခန့်တက်ရောက်ခဲ့ကြောင်းသိရသည်။
-----------------------------------
သန်းဝင်းထွန်း(မြို့သစ် )

Saturday, January 27, 2018

မကွေးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန မြေဆီလွှာဓါတ်ခွဲခန်း ဖွင့်ပွဲအခမ်းအနားကျင်းပ





မကွေး      ဇန်နဝါရီ      ၂၅

မကွေးတိုင်းဒေသကြီး ၂၀၁၈ခုနှစ် ဇန်နဝါရီလ ၂၅ရက်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနရုံးတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှု၊ လမ်းညွှန်မှု၊ ပံ့ပိုးမှုနှင့် တိုင်းစိုက်ပျိုးရေးဦးစီးဌာန၏ ကြိုးပမ်းဆောင်ရွက်မှုတို့ဖြင့် မကွေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားစေရေးအတွက် ရည်ရွယ်၍ မြေဆီလွှာဓါတ်ခွဲခန်း ဖွင့်ပွဲအခမ်း အနားကို ကျင်းပခဲ့ကြောင်း သိရသည်။

 အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက လမ်းညွှန်အမှာစကားပြောကြားရာတွင် "မြေဆီလွှာ ဓါတ်ခွဲခန်းကို ဖွင့်လှစ်နိုင်ခဲ့တဲ့အတွက် တောင်သူ များရဲ့ မြေဆီလွှာပြဿနာများကို ဖြေရှင်းပေးနိုင်ယုံသာမက အသိပညာ၊ နည်းပညာများ ရရှိလာမှာ ဖြစ်ပါတယ်။ မြေဆီလွှာဆိုင်ရာအချက်အလက်များကို မိမိစိုက်ခင်းမရောက်မီ ကြိုတင်သိရှိလာနိုင် သလို မြေကောင်းတစ်ရပ်လက္ခဏာရပ်များကို ထိမ်းသိမ်းလာတတ်စေပြီး၊မြေဆီလွှာ ပြဿနာရပ် များအပေါ် လက်တွေ့ကိုင်တွယ်ဖြေရှင်းနိုင်မှာဖြစ်ပါတယ်၊စိုက်ပျိုးထုတ်လုပ်သူများအတွက် မိမိစိုက်ပျိုး ထုတ်လုပ်သော သီးနှံများ၏အရည်အသွေးနှင့် တစ်ဧကအထွက်နှုန်းတိုးတက်ရေး၊ မျှော်မှန်းအထွက် နှုန်းရရှိရေး ဖော်ဆောင်လာနိုင်မှာဖြစ်တယ်" စသဖြင့် ထည့်သွင်း ပြောကြားခဲ့သည်။
ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက မြေဆီလွှာဓါတ်ခွဲခန်းနှင့် ပါတ်သက်၍ ရှင်းလင်းတင်ပြခဲ့ရာ ယနေ့ဖွင့်လှစ်သော မြေဆီလွှာဓါတ်ခွဲခန်းမှ မြေဆီလွှာများကို ဓါတ်ခွဲပေးနိုင်ခြင်း ၊ စိုက်ပျိုးသွင်းရေ ဓါတ်ခွဲပေးနိုင်ခြင်း၊ ဓါတ်မြေသြဇာဓါတ်ခွဲပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများရရှိနိုင်ပြီး ဓါတ်ခွဲစမ်းသပ်မှုအမျိုးအစား(၁၅)မျိုးကို လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ တောင်သူများအတွက် မြေဆီလွှာဆိုင်ရာအသိပညာများ တိုးတက်လာပြီး နည်းပညာပါပြောင်းလဲ အသုံးချနိုင်မည်ဖြစ်ကြောင်း သိရသည်။
 ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က မြေဆီလွှာဓါတ်ခွဲခန်းကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပြီး ဓါတ်ခွဲခန်းအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြကြောင်းနှင့် အခမ်းအနားသို့ မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများ၊ အခြားဖိတ်ကြားထားသူ များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)