This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Monday, March 5, 2018

စိုက်ပျိုးရေးလုပ်ငန်းများအတွက် ပေးပို့သော ဆိုင်ကယ်များ ဂန့်ဂေါသို့ရောက်ရှိ

 ဂန့်ဂေါ မတ် ၃

          မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနက ဂန့်ဂေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတွင်  တာဝန် ထမ်းဆောင်လျက်ရှိသည့်ဝန်ထမ်းများ စိုက်ခင်းများအရောက် အဆင်ပြေစွာသွားလာ၍ ကွင်းဆင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဆိုင်ကယ်များထုတ်ပေးရာ မတ် ၂ ရက်က ဂန့်ဂေါမြို့သို့ ရောက်ရှိလာပြီဖြစ်သည်။

          အဆိုပါ ဆိုင်ကယ်များမှာ ပြည်ထောင်စုအစိုးရက IRM Project ချေးငွေဖြင့် ပံ့ပိုးသောဆိုင်ကယ်များ ဖြစ်ကြောင်းနှင့် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနက တစ်ဆင့် ထုတ်ပေးခြင်းဖြစ်ကာ HONDA WAVE 110 များ  ၁၀ စီး ရောက်ရှိလာခြင်းဖြစ်သည်။ တစ်စီးလျှင် ငွေကျပ် ၁၃ သိန်းခွဲတန်ဖိုးရှိ၍ စိုက်ပျိုးပညာပေးရေး ကွင်းဝန်ထမ်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် အသုံးပြုသွားမည်ဟု သိရသည်။

          ဆိုင်ကယ်များ ပံ့ပိုးရရှိသဖြင့် “ ကွင်းဆင်းလုပ်ငန်းများ ဆောင်ရွက်ရာမှာ ပိုမို ထိရောက် အဆင်ပြေစွာ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်၊ ရေကြီးရေလျှံခြင်း ၊သဘာဝဘေးနှင့် ပိုးမွှားရောဂါ ကျရောက်ခြင်းများရှိပါက အလျင်အမြန် သွားရောက်ကွင်းဆင်းပြီးတော့ ချက်ချင်းတုန့်ပြန် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ် ” ဟု ဂန့်ဂေါမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းတစ်ဦး က ပြောသည်။

          ဂန့်ဂေါမြို့နယ်သည် တောင်မြောက်ရှည်လျားပြီး မိုင်အားဖြင့် ၇၇ မိုင်ခန့်ရှိ၍ တောင်ဆင်း တောင်တက် အကွေ့အကောက်ပေါများကာ လိုင်းကားမရှိနိုင်သည့်ကျေးရွာများ၊ မော်တော်ကား ဝင်ထွက်ရခက်သည့် ဒေသများလည်းရှိရာ ယခု မော်တော်ဆိုင်ကယ်များ ရရှိသဖြင့် စိုက်ပျိုးရေးနည်းပညာပြန့်ပွားရေး၊ လယ်ယာ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ထမ်းများကွင်းဆင်း၍ လုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမို ထိရောက် အဆင်ပြေသွားမည်ဖြစ်ကြောင်း သိရသည်။

စိန်ကျော်(ဝါးဘိုးချောင်)

နွေရာသီ​ကျောင်းပိတ်​ရက်​အ​ခြေခံပန်းချီသင်​တန်းဖွင့်​လှစ်

နတ်​​မောက်​         မတ်​ ၅

မ​ကွေးတိုင်း​ဒေသကြီးနတ်​​မောက်​မြို့နယ်​ပြန်​ကြား​ရေးနှင့်​ပြည်​သူ့ဆက်​ဆံ​ရေးဦးစီးဌာနနှင့်​နတ်​​မောက်​ကွန်​ရက်​တို့ပူး​ပေါင်း​ဆောင်​ရွက်​သည့်​​နွေရာသီ​ကျောင်းပိတ်​ရက်​အ​ခြေခံပန်းချီသင်​တန်းဖွင့်​ပွဲကိုမတ်​၅ရက်​နံနက်​၁၀နာရီကနတ်​​မောက်​မြို့လူထုအ​ခြေပြုဗဟိုဌာန Community Centre တွင်​ကျင်းပခဲ့သည်​။
အဆိုပါဖွင့်​ပွဲတွင်​ပန်းချီနည်းပြဆရာကြီးဦး​နေ၀င်း(ပညာ​ရေးငြိမ်း)ကပန်းချီသင်​တန်းဖွင့်​လှစ်​ရခြင်း၏ရည်​ရွယ်​ချက်​နှင့်​သင်​ကြား​ပေးမည့်​ရှု​မျှော်​ခင်း၊ကာတွန်း၊စိတ္တဇနှင့်​ပုံတူ(ရုပ်​​သေ၊သက်​ရှိ)များအ​ကြောင်းကိုရှင်းလင်း​ပြောကြားခဲ့သည်​။ထို့​နောက်​အ​ခြေခံပန်းချီသင်​တန်းတွင်​ပန်းချီနည်းပြဆရာ(၂)ဦးတို့က​ကျောင်းသား/သူ(၃၅)ဦးတို့ကိုသင်​ကြား​ပေးမည်​ဖြစ်​၍သင်​တန်းကာလမှာမတ်​(၅)ရက်​မှ(၁၄)ရက်​​နေ့အထိသင်​ကြား​ပေးသွားမည်​ဖြစ်​​ကြောင်းသိရသည်​။
လှဝင်း(နတ်​​မောက်​)

Saturday, March 3, 2018

ရေစကြိုမြို့နယ် သစ်ကြီးတောကျေးရွာ မီးလောင်မှုမှာ မီးထိန်းနိုင်ခဲ့ပြီး မီးအကြွင်းကျန်များ ငြိမ်းသတ်နေရဆဲဖြစ်

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ရေစကြိုမြို့နယ် သစ်ကြီးတောကျေးရွာတွင် မတ်လ (၃) ရက် ည ၈နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး မတ်လ (၄) ရက် နံနက် ၁ နာရီအထိ မီးအကြွင်းကျန်များ ငြိမ်းသတ်နေဆဲဖြစ်ကြောင်း ရေစကြိုမြို့နယ် မီးသတ်ဦးစီးဌာန တာဝန်ရှိသူများနှင့် ဒေသခံများထံမှ သိရသည်။
ရေစကြိုမြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံ မတ်လ (၄) ရက် နံနက် ၁ နာရီခန့်က Eleven Media Group မှ ဖုန်းဆက်သွယ် မေးမြန်းခဲ့ရာ ထိုအချိန်အထိ ရေစကြို၊ မြိုင်၊ ပခုက္ကူ၊ ပခန်းကြီး စသည့်ဒေသများမှ မီးသတ်ကား ၂၅ စီး ငြိမ်းသတ်လျက် ရှိကြောင်း မီးထိန်းနိုင်ပြီ ဖြစ်သော်လည်း အကြွင်းကျန်များကို ငြိမ်းသတ်နေရဆဲဖြစ်ကြောင်း၊ ကျေးရွာမြောက်ပိုင်းမှ စတင်လောင်ကျွမ်းခဲ့ပြီး အသေးစိတ်အချက်လက်များ စုံစမ်းဆဲဖြစ်ကြောင်း ဖြေကြားခဲ့သည်။
ရေစကြိုမြို့နယ်လူငယ်ကွန်ရက်မှ Wai Yan Aung (Sullivan Wai Yan) အကောင့်ဖြင့် Facebook သုံးသူက မီးလောင်သည့် ကျေးရွာသည် အိမ်ခြေ ၇၀၀ ခန့်ရှိပြီး မီးလောင်ကျွမ်းမှုကြောင့် ခန့်မှန်းအိမ်ခြေ ၃၀၀ ခန့် ပျက်စီးခဲ့သည်ဟု အခင်းဖြစ်ည ၉နာရီ ၄၆ မိနစ်က သူ၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားခဲ့သည်။
Photo: Wai Yan Aung (Sullivan Wai Yan) Facebook (ရေစကြိုမြို့နယ်လူငယ်ကွန်ရက်)

ရေစကြိုမြို့နယ် သစ်ကြီးတောကျေးရွာ မီးလောင်မှု လက်ရှိအချိန်ထိမီးမထိန်းနိုင်သေးပါ ခုချိန်ထိ ဆုံးရှုံးအိမ်ခြေ(၃၀၀)ကျော်နေပါပြီ

လက်ရှိ ရေစကြိုမြို့နယ် သစ်ကြီးတောကျေးရွာ
မီးလောင်မှု လက်ရှိအချိန်ထိမီးမထိန်းနိုင်သေးပါ
ခုချိန်ထိ ဆုံးရှုံးအိမ်ခြေ(၃၀၀)ကျော်နေပါပြီ
မ​ကွေးတိုင်း​ဒေသကြီး ​ရေစကြိုမြို့နယ်​ သစ်​ကြီး​တော​ကျေးရွာ မီး​လောင်​​နေပါတယ်​ မီးအားများသည်​ဟု ကနဦးသတင်းရရှိပါတယ်​ အဆိုပါ​ကျေးရွာသည်​ မြို့နှင့်​ မိုင်​ ၂၀ ခန့်​​ဝေးသည်​ကတစ်​​ကြောင်း ​ရေရှားပါး​သော ​ဒေသဖြစ်​သည်​ကတစ်​​ကြောင်း​ကြောင့်​ အလွယ်​တစ်​ကူ မီးငြိမ်းနှိုင်​မည်​မထင်​ပါ။
၎င်းအပြင်​ အဆိုပါ​ကျေးရွာသည်​ လူဦး​ရေများပြီး အိမ်​​ခြေထူထပ်​​သော​ကျေးရွာဖြစ်​ပါသည်​။

မီးဘေးသင့်ပြည်သူအတွက် အလှူနှင့်ပစ္စည်းများ
ဆက်သွယ်လှူဒါန်းကြဖို့ထိလိုပါလိမ့်မယ်
Photo Credit
Video waiyanaung
www.facebook.com/vategyi.com.official
#ဦးဗိတ်

Thursday, March 1, 2018

တပေါင်းလပြည့်နေ့ အပါအ၀င် ရုံးပိတ်ရက်(၄)ရက်တာ ကာလအတွင်း သမိုင်းဝင်မန်းရွှေစက်တော်ရာဘုရား၌ ဘုရားဖူးပြည်သူများဖြင့် စည်ကား

မင်းဘူး                မတ်           
          မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ သမိုင်းဝင်မန်းရွှေစက်တော်ရာဘုရားပွဲတွင် ပွဲတော်ကာလ အတွင်း ဘုရားဖူး ပြည်သူများဖြင့် စည်ကားလျက်ရှိရာ ယခုလို တပေါင်းလပြည့်နေ့အပါအ၀င် ရုံးပိတ်ရက်ရှည် ကာလအတွင်း အစိုးရ ၀န်ထမ်းများ၊ ဘုရားဖူးခရီးသွားပြည်သူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရှိရသည်။

          ကျွန်တော်က ဧရာဝတီတိုင်း၊ မြောင်းမြမြို့ကနေ မိသာစုနဲ့အတူ ဘုရားဖူးလာရောက်ခြင်း ဖြစ်ပါတယ်၊ ကလေးတွေ ကျောင်းပိတ်ရက်နဲ့ ရုံး(၄) ရက်ပိတ်တာကြောင့် ခုလိုလာဖြစ်သွားတာပါ၊ မနေ့က ရွှေစက်တော်မှာ တစ်ညအိပ်တယ်၊ ဒီနေ့ ဘုရားဖူးအပန်းဖြေပြီး မင်းဘူးမြို့မှာရှိတဲ့ စက္ကိန်းတဲဘုရားနဲ့ နဂါးပွက်တောင် တွေကို သွားမှာဖြစ်ပါတယ်’’ ဟု ဦးသိန်းဝင်းမှ ပြောသည်။

          “ ဦးက ပင်စင်စား ၀န်ထမ်းတစ်ဦးပါ၊ ဦးတို့ လပြည့်နေ့မနက်မှာ နေပြည်တော်ကနေ ထွက်လာတာ၊ ​ရွှေစက်တော် ခဏ၀င်ဖူးပြီး ငပလီကို ဆက်သွားမှာပါ" ဟု ဦးကျော်ရွှေမှ ပြောသည်။
          ကျွန်တော်တို့ အခုလိုရုံးပိတ်ရက်မှာ အိမ်နီးနားချင်းတွေနဲ့အတူ ဘုရားဖူးထွက်လာကြတာပါ၊ ကလေး တွေလည်း ကျောင်းပိတ်သွားပီဆိုတော့ အိမ်နားကမိသားစုတွေစုပြီး လာကြတာပါ၊ ကျွန်တော်တို့ မန်းရွှေစက်တော် ဘုရားပွဲကို နှစ်တိုင်းရောက်ဖြစ်ပါတယ်၊ ဒီနေ့ တပေါင်းလပြည့်နေ့ ဖြစ်တဲ့အတွက် ရွှေစက်တော်မှာ ဘုရားဖူးလာကြ သူတွေနဲ့ အရမ်းစည်ကားနေပါတယ်ဟု အထက် မင်းလှမြို့မှ ဦးငြိမ်းချမ်း ကပြောသည်။
          '' ကျွန်တော်က နေပြည်တော်ကနေ ဘုရားဖူးလာတာပါ၊ မင်းဘူးဇာတိဆိုတော့ ဒီအချိန်၊ ဒီရာသီမှာ ရွှေစက်တော်ဘုရားပွဲကို မလာပဲမနေနိုင်ဘူး၊ ကိုယ်တတ်နိုင်သမျှလည်း ဘိုးဘွားတွေကို ဘုရားဖူးလိုက်ပို့ရင်းပေါ့ '' ဟု ကိုရဲမင်းက ပြောသည်။
မြန်မာနိုင်ငံရှိ အရှည်ကြာဆုံး ပွဲတော်တွေထဲတွင် တစ်ခုအပါအ၀င်ဖြစ်သည့် မန်းရွှေစက်တော်ဘုရား ပွဲတော်   ကို နှစ်စဉ်တပို့တွဲလဆန်း()ရက်နေ့မှ မြန်မာနှစ်ဆန်း()ရက်နေ့အထိ ရက်ပေါင်း ၈၇ ရက်တိုင်အောင် ကျင်းပလျက်ရှိရာ တပေါင်းလပြည့်နေ့အပါအ၀င် ရုံးပိတ်ရက်ရှည်ကာလတို့တွင် မင်းဘူးမြို့နယ်ရှိ မန်းရွှေစက်တော် ဘုရားပွဲအပါအ၀င် စက္ကိန်းတဲဘုရားနှင့် နဂါးပွက်တောင်တော် တို့၌ ဘုရားဖူးပြည်သူများ၊ ဘုရားဖူးလာရောက်သည့် ၀န်ထမ်းများဖြင့် စည်ကား လျက် ရှိကြောင်း သိရှိရပါသည်။ 
မျိုးမြတ်(မင်းဘူး)

တစ်မြိုကနယ်လုံးဆိုင်ရာ ကျောက်ခမောက်ဘုရား ဆွမ်းဆန်စိမ်းလောင်းလှူပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

စေတုတ္တရာ    မတ်   
          မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၊ မသိမ်းကျေးရွာအုပ်စု၊ ခိုဝင်ရွာအနီးတွင် တည်ထားကိုးကွယ်တော်မူသော တစ်မြို့နယ်လုံးဆိုင်ရာ ကျောက်ခမောက်ဘုရား ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို မတ်လ ၁ ရက်နေ့ နံနက် ၈နာရီ အချိန်က အဆိုပါ ဘုရားရင်ပြင်အနီးတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။

          ကျောက်ခမောက်ဘုရား ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို နှစ်စဉ်နှစ်တိုင်း တပေါင်းလပြည့်နေ့တွင် ကျင်းပလေ့ ရှိပြီး ယခုနှစ်တွင်လည်း တစ်မြို့နယ်လုံးဆိုင်ရာ သံဃာအပါး(၁၀၀)ခန့် ကြွရောက်ချီးမြှင့်တော်မူပြီး စေတုတ္တရာမြို့ ပေါ်ရှိ ဒေသခံပြည်သူများနှင့် ဘုရားအနီး ပတ်ဝန်းကျင်ရွာများမှ လာရောက်၍ ဆွမ်းဆန်စိမ်း လောင်းလှူခြင်း၊ တရား ဒေသနာတော် နာယူခြင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။     

မြို့နယ် ပြန်/ဆက်

စံမညီဆေးဝါးများ၊ တရားမ၀င် ဆေးဝါးများနှင့် ဆေးဝါးတုများ ရောင်းဝယ်ဖြန့်ဖြူးမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

စေတုတ္တရာ    မတ်   
          မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်ရှိ မြို့မစခန်းမှူး ဒုတိယရဲမှူးသန်းဆွေ ခေါင်းဆောင်သော အဖွဲ့သည် မြို့နယ်ရှိ ဆေးဆိုင်များမှ စံမညီဆေးဝါးများ၊ တရားမ၀င် ဆေးဝါးများနှင့် ဆေးဝါးတုများ ရောင်းဝယ်ဖြန့်ဖြူးမှု ရှိ/မရှိကို မတ်လ ၁ရက်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
          အဆိုပါ စစ်ဆေးရေးအဖွဲ့သည် မြို့နယ်အတွင်း ရောင်းချလျက်ရှိသော ဆေးဆိုင်များကို လိုက်လံစစ်ဆေးခဲ့ ကြပြီး အဖွဲ့တွင် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ အစားအသောက်ဆေးဝါးကွပ်ကဲရေးဌာနမှ ဆရာမများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း  သိရှိရသည်။

မြို့နယ် ပြန်/ဆက်