Monday, December 18, 2017

ကော်ဖီအစေ့ထုတ်လုပ်နည်းသင်တန်း ထပ်မံဖွင့်လှစ်


ငဖဲ  ဒီဇင်ဘာ  ၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကော်ဖီရာသီသီးနှံဌာနခွဲတို့ ပူးပေါင်း၍ ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံ(နတ်ရေကန်)တွင် တောင်ပေါ်ဒေသကော်ဖီစိုက်တောင်သူများ ကော်ဖီနှင့်ပတ်သက်သည့်နည်းပညာများတိုးပွားစေရန်နှင့် နိုင်ငံတကာအဆင့်မီကော်ဖီအရည်အသွေးပြည့်မီစေရန်စသည့် ရည်ရွယ်ချက်တို့ဖြင့် ၇/၂၀၁၇ လတွင် ကော်ဖီပင်စိုက်ပျိုးနည်းသင်တန်း၊ ၉/၂၀၁၇ လတွင် ကော်ဖီပင်ပြုစုနည်းသင်တန်းတို့အား ဖွင့်လှစ်သင်ကြားပေးခဲ့ပြီးဖြစ်ပါသည်။
ဆက်လက်၍ (၆.၁၂.၂၀၁၇)ရက်နေ့မှ(၈.၁၂.၂၀၁၇)ရက်နေ့အထိ ကော်ဖီအစေ့ထုတ်လုပ်နည်းသင်တန်းကို ထပ်မံဖွင့်လှစ်သင်ကြားပေးလျှက်ရှိပါသည်။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊မြို့နယ်အုပ်ချုပ်ရေးမှူး၊
စည်ပင်အမှုဆောင်အရာရှိ၊ ကော်ဖီခြံတာဝန်ခံမန်နေဂျာ၊ မြို့နယ်ကျေးလက်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြပါသည်။
ဖွင့်ပွဲတွင် အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးမှလည်းကောင်း၊ မြို့နယ်ကျေးလက်ဦးစီးမှူးမှလည်းကောင်း သင်တန်းဖွင့်လှစ်ပေးရခြင်းနှင့်ပတ်သက်၍ အသီးသီးပြောကြားခဲ့ပြီး သင်တန်းမှသင်ကြား ပေးသောအသိပညာ၊ အတတ်ပညာ၊ နည်းပညာများဖြင့် မိမိဒေသကော်ဖီစိုက်ခင်းများတွင် နည်းပညာပိုင်းများကို စနစ်တကျအသုံးချနိုင်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်းနှင့် သင်တန်းနည်းပြမှ သင်တန်းတွင်ပို့ချမည့် ဘာသာရပ်များနှင့်ပတ်သက်၍ ရှင်းလင်းမိတ်ဆက်ပြီး သင်တန်းသားများအနေဖြင့်လည်း လေးလေးနက်နက်ဂရုစိုက်သင်ယူကြ စေလိုကြောင်း ပြောကြားခဲ့ပါသည်။
                                                      
ငဖဲမြို့နယ်ကျေးလက်

0 comments:

Post a Comment