Saturday, December 23, 2017

ဒီဇင်ဘာလစတုတ္ထအပတ်လူထုစုပေါင်းလမ်းလျှောက်ပွဲကျင်းပ




ပခုက္ကူ  ဒီဇင်ဘာ ၂၃
တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးဟူသော ဦးတည်ချက်ကိုအကောင်အထည်ဖော်ဆောင်ရွက်ရာတွင်လူထု အားကစားလှုပ်ရှားမှုများ ကျယ်ပြန့်စွာဆောင်ရွက်နိုင်ခြင်းသည် အဓိကကျသည်နှင့်အတူ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ ဒီဇင်ဘာလအတွင်းစနေနေ့တိုင်းလူထုစုပေါင်းလမ်းလျှောက်ပွဲကျင်းပလျက်ရှိရာ၂၀၁၇-ခုနှစ်၊ဒီဇင်ဘာလ စတုတ္ထအပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာလ ၂၃ရက်နံနက်၅နာရီခွဲကအမှတ်(၁)ရပ်ကွက်၊ လွတ်လပ် ရေးပန်းခြံရှေ့မြို့မလမ်း၌ စုပေါင်းစတင်တာထွက်လမ်းလျှောက်ကြသည်။
                   အဆိုပါလမ်းလျှောက်ပွဲတွင် လွတ်လပ်ရေးပန်းခြံရှေ့ မြို့မလမ်းမှ မြိုင်လမ်းဆုံ၊  မြိုင်လမ်းဆုံမှ တစ်ဆင့်ခရိုင်အားကစားကွင်းအထိ စုပေါင်းလမ်းလျှောက်ကြပြီး ခရိုင်အားကစားကွင်း၌ ယောဂလေ့ကျင့်ရေး ကျောင်းမှ သင်တန်းနည်းပြများက ကိုယ်လက်ကြံ့ခိုင်ရေးအားကစားလေ့ကျင့်ခန်းအမှတ်စဉ်များ၊တေးသီးချင်းများဖြင့် အကများတိုင်ကြားပေးရာ လမ်းလျှောက်သူများစုပေါင်း၍တပျော်တပါး  ပါဝင်လှုပ်ရှားဆောင်ရွက်ကြသည်။
စုပေါင်းလမ်းလျှောက်ပွဲအခမ်းအနားသို့ ခရိုင်နှင့်မြို့နယ် အဆင့်ဌာနဆိုင်ရာဝန်ထမ်းများနှင့်မိသားဝင်များ၊ ပညာရေးကောလိပ်မှဆရာ/မများနှင့် သင်တန်းသား/သင်တန်းသူများ၊ ပခုက္ကူမြို့၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ဆရာ/မများနှင့်ကျောင်းသား/သူများ၊ အခြေခံပညာကျောင်းများမှ ကျောင်း သား/ ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ကျန်းမာရေးလိုက်စားကြသူဒေသခံပြည်သူများ စုပေါင်းလမ်း လျှောက်ကြရာ Gold Roast Coffee Mix ကုမ္ပဏီမှ Calsome လက်ဖက်ရည် တိုက်ပြီး Calsomeထုပ်များ လက်ဆောင်ပေးကြကြောင်းသိရသည်။

ဆလိုင်းကိုကီး

0 comments:

Post a Comment