Thursday, December 28, 2017
သရက်မြို့ နယ်လုံးဆိုင်ရာ သတ္တဌာနဘုရား (၁၂၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယဘုရားပွဲတော် နှင့် မြတ်စွယ်တော်အပူဇော်ခံပွဲတော်ကျ င်းပ
(၁၂၈)ကြိမ်မြောင် ဗုဒ္ဓပူဇနိယဘုရားပွဲတော်
နှင့် မြတ်စွယ်တော်အပူဇော်ခံပွဲတော်ကြီး
မြတ်စွယ်တော်ကိန်းဝပ်ရာ ဂန္ဓကုဋီတိုက်
်အတွင်းအပူဇော်ခံမည် မြတ်စွယ်တော်အားနေ့ စဉ်အပူဇော်ခံမည့်ယာယီစံကျောင်းဆောင်ပေါ်
ပင့်ဆောင်ပူဇော်ပွဲကို ဒီဇင်ဘာ ၂၅ ရက် မွန်းလွဲ ၁နာရီက သတ္တဌာနမြတ်စွယ်တော်တိုက်အတွင်
ကျ င်းပသည်
အခမ်းအနားကို နမောတသ(၃)ကြိမ်ရွတ်ဆို
ဘုရားကန်တော့ကြပြီး သြဝါဒါစရိယဆရာ
တော်များက ဇယန္တောဗောဓိယာမူလေအောင်ဂါထာများရွတ်ဆိုပူဇော်ဖွင့်လှစ်ပေးခဲ့သည်
ထို့ နောက် မြတ်စွယ်တော်ကိန်းဝပ်ရာ ရွှေစေတီအတွင်းမှ ဗုဒ္ဓမြတ်စွယ်တော်အားဂေါပကအဖွဲ့ ဝင်များနှင့် သြဝါဒါစရိယ ကျို က်ဒေးယျံ ဆရာတော် ဘဒ္ဒန္တသီလစာရဆရာတော်က ယာယီ
အပူဇော်ခံမည့် ကလပ်ပေါ်သို့ ပင့်ဆောင်၍
ပူဇော်၍ဧည့်ပရိသတ်များကဗုဒ္ဓမြတ်စွယ်တော်
အားစုပေါင်းကန်တော့ခဲ့ကြသည်
ယာယီအပူဇော်ခံထားသောဗုဒ္ဓမြတ်စွယ်တော်အား ဘုရားပွဲတော်ရက်အတွင်း နေ့ စဉ်အပူ
ဇော်ခံထားမည့် ရွှေကျောင်းတော်ပေါ်သို့ 
သရက်ခရိုင်အုပ်ချူ ပ်ရေးမှူးဦးနေလင်းကပင့်
ဆောင်ပူဇော်ထားရှိပြီး နိုင်ငံတော်သြဝါဒါစရိယ
အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသတ္တမဇောတိကဓဇ အဂ္ဂမဟာကမ္မဋ္ဌာန
စရိယဘွဲ့တံဆိပ်တော်ရ ဆရာတော် ဘဒ္ဒန္တ
ကေသရထံမှ ရှစ်ပါးသီလခံယူဆောက်တည်
ကြပြီး ဆုတောင်းအမျှ ပေးဝေကြကာ ဗုဒ္ဓသာ
သနံ စိရံတိဋ္ဌတု(၃)ကြိမ်ရွတ်ဆို၍(၁၂၈)ကြိမ်
မြောက် သတ္တဌာနဘုရားဗုဒ္ဓပူဇနိယဘုရား
ပွဲတော်နှင့် မြတ်စွယ်တော်အပူဇော်ခံပွဲတော်ကို
ဖွင့်လှစ်ပေးခဲ့သည်
(၁၂၈)ကြိမ်မြောက် သတ္တဌာနဘုရား ဗုဒ္ဓပူဇနိ
ယ ဘုရားပွဲတော်နှင့် မြတ်စွယ်တော်အပူဇော်ခံ
ပွဲတော်ကို ၁၃၇၉ခုနှစ် ပြာသိုလဆန်း(၈)ရက်မှ
ပြာသိုလပြည့်နေ့ အထိ ဒီဇင်ဘာလ(၂၅)ရက်မှ
ဇန်နဝါရီ(၁)ရက်နေ့ အထိ(၈)ရက်တိုင်တိုင်
နေ့ ပွဲ ညပွဲများဖြင့်စည်ကားသိုက်မြို က်စွာ
ကျ င်းပမည်ဖြစ်ကြောင်းသိရသည်
အောင်ကြီး(သရက်)
0 comments:
Post a Comment