Sunday, December 17, 2017

စာဖတ်ရှိန်မြှင့်တင်ရေး။ဆေးရော င်စုံခြယ်ပြိုင်ပွဲ ကျင်းပ


မြို့သစ် ဒီဇင်ဘာ (၁၅ )
မကွေးတိုင်းဒေသကြီးမြို့သစ်မြို့နယ်
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကြီးမှူးကျင်းပသည့်စာဖတ်ရှိန်မြှင့်တင်ရေးဆေးရောင်စုံခြယ်ပြိုင်ပွဲကိုယနေ့နံနက်(၉း၀၀)နာရီကမြို့သစ်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးခန်းမတွင်ကျင်းပသည်။
ပြိုင်ပွဲကိုမြို့ပေါ်ရှိအခြေခံပညာကျောင်း
များမှတတိယတန်းကျောင်းသားကျောင်းသူ(၂၅)ဦးပါဝင်ယှဉ်ပြိုင်ကြရာမခင်ငြိမ်းချမ်းကြွယ်(ပထမ)၊မဆောင်းယွန်းယတီ(ဒုတိယ)၊မောင်ခန့်ထူးအောင်(တတိယ)ဆုများ အသီးသီး ရရှိကြသည်။
ဆုရကျောင်းသားကျောင်းသူများအား မြို့သစ်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမြို့နယ် ဦးစီးမှူး ဒေါ်ဝင်အိဇွန် မှဆုများအသီးသီး ပေးအပ်ခဲ့ကြောင်းသိရသည်။

သန်းဝင်းထွန်း( မြို့သစ် )

0 comments:

Post a Comment