Wednesday, December 13, 2017

ချောက်မြို့နယ်၌ အခြေခံ စာကြည့်တိုက်ပညာ စီမံခန့်ခွဲမှု သင်တန်းဖွင့်



 ချောက်        ဒီဇင်ဘာ ၁၂

       မကွေးတိုင်း ဒေသကြီး ချောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ ယနေ့ နံနက် ၉ နာရီတွင် အခြေခံ စာကြည့်တိုက်ပညာ စီမံခန့်ခွဲမှု သင်တန်းဖွင့်လှစ်ခဲ့သည်။
      အခြေခံ စာကြည့်တိုက်ပညာ 
စီမံခန့်ခွဲမှု သင်တန်းသို့ မြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်း၊ အလယ်တန်းကျောင်းများမှ ဆရာ၊ ဆရာမများ(၃၁) ဦးတက်ရောက်ကြပြီး ချောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ချိုချိုမာ၊ ဆိပ်ဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်အောင်တို့က စာကြည့်တိုက် ပညာရပ်များကို သင်ကြား ပို့ချသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ ဒီဇင်ဘာ ၁၂ရက်မှ ၁၃ ရက်အထိ နှစ်ရက်သင်ကြား ပို့ချပေးသွားမည် ဖြစ်သည်။ 
       အဆိုပါ သင်တန်းကို မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ် ပညာရေးဌာနတို့ ပူးပေါင်း၍ အခြေခံပညာ ကျောင်းများရှိ ကျောင်းစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုး တိုးတက်စေရေး၊ကျောင်းစာကြည့်တိုက်ရှိ စာအုပ်စာစောင်များကို စနစ်တကျ စီမံထိန်းသိမ်း ဆောင်ရွက် လာတတ်စေရန် ရည်ရွယ်ဖွင့်လှစ် ပေးခြင်းဖြစ်ကြောင်း သိရသည်။
                         မချို(ချောက်)

0 comments:

Post a Comment