This is default featured slide 1 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
Wednesday, December 27, 2017
သရက်မြို့ နယ်လုံးဆိုင်ရာ သတ္တဌာနဘုရား (၁၂၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယဘုရားပွဲတော် နှင့် မြတ်စွယ်တော်အပူဇော်ခံပွဲတော်ကျ င်းပ
(၁၂၈)ကြိမ်မြောင် ဗုဒ္ဓပူဇနိယဘုရားပွဲတော်
နှင့် မြတ်စွယ်တော်အပူဇော်ခံပွဲတော်ကြီး
မြတ်စွယ်တော်ကိန်းဝပ်ရာ ဂန္ဓကုဋီတိုက်
်အတွင်းအပူဇော်ခံမည် မြတ်စွယ်တော်အားနေ့ စဉ်အပူဇော်ခံမည့်ယာယီစံကျောင်းဆောင်ပေါ်
ပင့်ဆောင်ပူဇော်ပွဲကို ဒီဇင်ဘာ ၂၅ ရက် မွန်းလွဲ ၁နာရီက သတ္တဌာနမြတ်စွယ်တော်တိုက်အတွင်
ကျ င်းပသည်
အခမ်းအနားကို နမောတသ(၃)ကြိမ်ရွတ်ဆို
ဘုရားကန်တော့ကြပြီး သြဝါဒါစရိယဆရာ
တော်များက ဇယန္တောဗောဓိယာမူလေအောင်ဂါထာများရွတ်ဆိုပူဇော်ဖွင့်လှစ်ပေးခဲ့သည်
ထို့ နောက် မြတ်စွယ်တော်ကိန်းဝပ်ရာ ရွှေစေတီအတွင်းမှ ဗုဒ္ဓမြတ်စွယ်တော်အားဂေါပကအဖွဲ့ ဝင်များနှင့် သြဝါဒါစရိယ ကျို က်ဒေးယျံ ဆရာတော် ဘဒ္ဒန္တသီလစာရဆရာတော်က ယာယီ
အပူဇော်ခံမည့် ကလပ်ပေါ်သို့ ပင့်ဆောင်၍
ပူဇော်၍ဧည့်ပရိသတ်များကဗုဒ္ဓမြတ်စွယ်တော်
အားစုပေါင်းကန်တော့ခဲ့ကြသည်
ယာယီအပူဇော်ခံထားသောဗုဒ္ဓမြတ်စွယ်တော်အား ဘုရားပွဲတော်ရက်အတွင်း နေ့ စဉ်အပူ
ဇော်ခံထားမည့် ရွှေကျောင်းတော်ပေါ်သို့ 
သရက်ခရိုင်အုပ်ချူ ပ်ရေးမှူးဦးနေလင်းကပင့်
ဆောင်ပူဇော်ထားရှိပြီး နိုင်ငံတော်သြဝါဒါစရိယ
အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသတ္တမဇောတိကဓဇ အဂ္ဂမဟာကမ္မဋ္ဌာန
စရိယဘွဲ့တံဆိပ်တော်ရ ဆရာတော် ဘဒ္ဒန္တ
ကေသရထံမှ ရှစ်ပါးသီလခံယူဆောက်တည်
ကြပြီး ဆုတောင်းအမျှ ပေးဝေကြကာ ဗုဒ္ဓသာ
သနံ စိရံတိဋ္ဌတု(၃)ကြိမ်ရွတ်ဆို၍(၁၂၈)ကြိမ်
မြောက် သတ္တဌာနဘုရားဗုဒ္ဓပူဇနိယဘုရား
ပွဲတော်နှင့် မြတ်စွယ်တော်အပူဇော်ခံပွဲတော်ကို
ဖွင့်လှစ်ပေးခဲ့သည်
(၁၂၈)ကြိမ်မြောက် သတ္တဌာနဘုရား ဗုဒ္ဓပူဇနိ
ယ ဘုရားပွဲတော်နှင့် မြတ်စွယ်တော်အပူဇော်ခံ
ပွဲတော်ကို ၁၃၇၉ခုနှစ် ပြာသိုလဆန်း(၈)ရက်မှ
ပြာသိုလပြည့်နေ့ အထိ ဒီဇင်ဘာလ(၂၅)ရက်မှ
ဇန်နဝါရီ(၁)ရက်နေ့ အထိ(၈)ရက်တိုင်တိုင်
နေ့ ပွဲ ညပွဲများဖြင့်စည်ကားသိုက်မြို က်စွာ
ကျ င်းပမည်ဖြစ်ကြောင်းသိရသည်
အောင်ကြီး(သရက်)
ရွှေစက်တော်မှာ ကွင်းထဲအထိလာပြီးအဝှါပြုနေတဲ့ ဟို မြို့လေး ကလွှတ်တော်အမတ်ကိုများ ရည်ညွှန်းလေသလား
? 25.12.17
လွှတ်တော်ကိုယ်စားလှယ်များ စွက်ဖက်မှုမရှိစေရန်
မကွေးတိုင်းဝန်ကြီးချုပ်က ပြည်သူ့လွှတ်တော်ဥက္ကဌထံတင်ပြ
လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အစိုးရအဖွဲ့လုပ်ပိုင်ခွင့်များကို ထောက်ပြရုံသာမက ၀င်စွက်ဖက်ခြင်းမျိုးမဖြစ်စေရန် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်   ဒေါက်တာအောင်မိုးညိုက ပြည်သူ့လွှတ်တော် ဥက္ကဌထံ မနေ့ က တင်ပြခဲ့သည်
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုက “မကွေးတိုင်းအစိုးရအဖွဲ့ လုပ်ကိုင်ဆောင်ရွက်ချက်များကို လွှတ်တော်ကိုယ်စားလှယ်များက စေတနာလွန်ကဲပြီးတော့   စောင့်ကြည့်တာတင် မကဘဲနဲ့ ဝင်ရောက်စွက်ဖက်သလို ဖြစ်သွားတာမျိုးလေးတွေကိုတော့ မဖြစ်စေချင်ပါဘူး၊ ကျွန်တော့်ဆီလည်း ပြောဆိုတင်ပြတာတွေ ရှိတဲ့အတွက်ကြောင့်   ပြည်သူ့လွှတ်တော်ဥက္ကဌကြီးနဲ့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌကြီးရှေ့မှာ လေးစားစွာ ကျွန်တော် တင်ပြရခြင်းဖြစ်ပါတယ်”ဟု ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်အား ရှင်းလင်းတင်ပြခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးများအဖွဲ့ဝင်၊ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်သည် ဒီဇင်ဘာ ၂၃ရက်နေ့ နံနက်ပိုင်းက မကွေးမြို့ မြို့တော်ခန်းမတွင် မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊တိုင်းဒေသကြီး၊ခရိုင်၊မြို့နယ် အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့သည်။ထိုသို့တွေ့ဆုံစဉ် ၀န်ကြီးချုပ်ကတင်ပြခဲ့ခြင်းဖြစ်သည်။
Mizzima - News in Burmese
http://mizzimaburmese.com/article/35593
#​ဖေ​အောင်
မြေလတ်ဂျာနယ် အတွဲ(၃)၊ အမှတ်(၂၀)၊ ၂၀၁၈ ၊ ဇန်န၀ါရီလ(၁-၁၅)ရက်ထွက် ဂျာနယ်ကို ဒီဇင်ဘာ(၂၉)ရက်နေ့ မှာ ကြိုတင်၍ဖြန့်ချိပါမည်။
မြေလတ်ဂျာနယ် အတွဲ(၃)၊ အမှတ်(၂၀)၊
၂၀၁၈ ၊ ဇန်န၀ါရီလ(၁-၁၅)ရက်ထွက် ဂျာနယ်ကို
ဒီဇင်ဘာ(၂၉)ရက်နေ့ မှာ ကြိုတင်၍ဖြန့်ချိပါမည်။
မကွေးတိုင်းဒေသကြီး ၂၅ မြို့နယ်  နှင့် အခြားနယ်ပို့ ကိုယ်စားလှယ်များထံသို့  အချိန်မီ မရောက်လျှင် (၀၉-၄၄၀၂၂၅၁၀၀) ဖုန်းသို့  အကြောင်းကြားပေးစေလိုပါသည်။
            မကွေးတိုင်းဒေသကြီး ၂၅ မြို့နယ်မှ  တစ်မြို့နယ်လျှင် ဖြန့်ချီရေးကိုယ်စားလှယ် ၁  ဦး နှင့် တိုက်ပိုင်သတင်းထောက် ၁ ဦး၊ခန့်ထားလိုပါသည်။ (၃၁/၁/၂၀၁၈)နောက်ဆုံးထား၍ ကိုယ်ရေးအကျဉ်းဖြင့် စာတိုက်(သို့မဟုတ်) အီးမေလ် နှင့် ဖေ့စ်ဘွတ်ခ် မက်စင်ဂျာ တို့မှ  မြေလတ်ဂျာနယ်သို့  လျှောက်ထားနိုင်ပါသည်။ 
                                          အယ်ဒီတာအဖွဲ့
 မြေလတ်ဂျာနယ်ရုံး            အမှတ်(၅)၊ ဟိန္ဒူဆိုင်တိုက်ခန်း၊
                                                                          ပြည်တော်သာလမ်း၊ ရွာသစ်ရပ်၊
                                                              မကွေးမြို့။ ၀၉- ၄၄၀၂၂၅၁၀၀- ၇၉၄၅၇၅၀၇၀
                                                                                          Email:                              myaylatmedia@gmail.com
                                                                                          Website:                      www.myaylatmedia.com
www.winkyi.net
Facebook :     uwin kyi /  myaylat Journal
Pages :   Myaylatt daily /  မြေလတ်မီဒီယာ
Saturday, December 23, 2017
ဒီဇင်ဘာလစတုတ္ထအပတ်လူထုစုပေါင်းလမ်းလျှောက်ပွဲကျင်းပ
ပခုက္ကူ  ဒီဇင်ဘာ ၂၃
တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးဟူသော ဦးတည်ချက်ကိုအကောင်အထည်ဖော်ဆောင်ရွက်ရာတွင်လူထု အားကစားလှုပ်ရှားမှုများ ကျယ်ပြန့်စွာဆောင်ရွက်နိုင်ခြင်းသည် အဓိကကျသည်နှင့်အတူ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ ဒီဇင်ဘာလအတွင်းစနေနေ့တိုင်းလူထုစုပေါင်းလမ်းလျှောက်ပွဲကျင်းပလျက်ရှိရာ၂၀၁၇-ခုနှစ်၊ဒီဇင်ဘာလ စတုတ္ထအပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာလ ၂၃ရက်နံနက်၅နာရီခွဲကအမှတ်(၁)ရပ်ကွက်၊ လွတ်လပ် ရေးပန်းခြံရှေ့မြို့မလမ်း၌ စုပေါင်းစတင်တာထွက်လမ်းလျှောက်ကြသည်။
                   အဆိုပါလမ်းလျှောက်ပွဲတွင် လွတ်လပ်ရေးပန်းခြံရှေ့ မြို့မလမ်းမှ မြိုင်လမ်းဆုံ၊  မြိုင်လမ်းဆုံမှ တစ်ဆင့်ခရိုင်အားကစားကွင်းအထိ စုပေါင်းလမ်းလျှောက်ကြပြီး ခရိုင်အားကစားကွင်း၌ ယောဂလေ့ကျင့်ရေး ကျောင်းမှ သင်တန်းနည်းပြများက ကိုယ်လက်ကြံ့ခိုင်ရေးအားကစားလေ့ကျင့်ခန်းအမှတ်စဉ်များ၊တေးသီးချင်းများဖြင့် အကများတိုင်ကြားပေးရာ လမ်းလျှောက်သူများစုပေါင်း၍တပျော်တပါး  ပါဝင်လှုပ်ရှားဆောင်ရွက်ကြသည်။
စုပေါင်းလမ်းလျှောက်ပွဲအခမ်းအနားသို့ ခရိုင်နှင့်မြို့နယ် အဆင့်ဌာနဆိုင်ရာဝန်ထမ်းများနှင့်မိသားဝင်များ၊ ပညာရေးကောလိပ်မှဆရာ/မများနှင့် သင်တန်းသား/သင်တန်းသူများ၊ ပခုက္ကူမြို့၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ဆရာ/မများနှင့်ကျောင်းသား/သူများ၊ အခြေခံပညာကျောင်းများမှ ကျောင်း သား/ ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ကျန်းမာရေးလိုက်စားကြသူဒေသခံပြည်သူများ စုပေါင်းလမ်း လျှောက်ကြရာ Gold Roast Coffee Mix ကုမ္ပဏီမှ Calsome လက်ဖက်ရည် တိုက်ပြီး Calsomeထုပ်များ လက်ဆောင်ပေးကြကြောင်းသိရသည်။
ဆလိုင်းကိုကီး
တိရစ္ဆန်ကောင်ရေစာရင်းကောင်ယူမည့် စာရင်း ကောက်များပညာပေးသင်တန်းဖွင့်ပွဲကျင်းပ
      ချောက်       ဒီဇင်ဘာ ၂၃ ရက်
 ချောက်မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှတိရစ္ဆာန်ကောင်ရေစာရင်းကောင်ယူ
မည့် စာရင်းကောက်များပညာပေးသင်
တန်းဖွင့်ပွဲကို မြို့နယ်အထွေထွေအုပ်ချု ပ်ရေး ဦးစီးဌာန စည်းဝေးခန်းမ၌ယနေ့နံနက် ၁၀နာရီအချိန်ကကျင်းပပါသည်။
    အဆိုပါအခမ်းအနားသို့ ပြည်သူ့လွှတ်
တော်ကိုယ်စားလှယ်ဦးဘိုကြီး၊အမျိုးသါး
လွှတ်တော်ကိုစားလှယ်ဦးခင်ဝင်း၊တိုင်း
ဒေသကြီးလွှတ်တော်ကိုယ်စားလှယ်
ဦးစိုးဝင်း၊မြို့နယ်အုပ်ချုပ်ရေးမှုးဦးကျော်ဆွေဝင်း၊ ချောက်မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ဒေါက်တာစိုးလင်း နှင့်ဌာနဆိုင်ရာများစာရင်းကောက်သင်တန်းသား ၉၈ ဦးနှင့်စုစုပေါင်း ၁၂၀ဦး တက်ရောက်ခဲ့ကြောင်းနှင့် တိရစ္ဆာန်ကောင်ရေ စာရင်းကောင်ယူမှုကို၂၀၁၈ခုနှစ်ဇန်နဝါရီ ၁ ရက်နေ့မှစတင်၍ စာရင်းကောက်ယူ သွားမည်ဖြစ်ကြောင်းသိရသည်။
                            မချို(ချောက်)
Thursday, December 21, 2017
ဒီဇင်​ဘာ ၂၂/၂၃ ။ နံနက်​(၉)နာရီမှည​နေ(၄)နာရီအထိ။ မ​ကွေးတက္ကသိုလ်​မှာကျင်းပမယ့်​ က​လေးစာ​ပေပွဲ​တော်
ဒီဇင်​ဘာ ၂၂/၂၃ ။ နံနက်​(၉)နာရီမှည​နေ(၄)နာရီအထိ။
မ​ကွေးတက္ကသိုလ်​မှာကျင်းပမယ့်
က​လေးစာ​ပေပွဲ​တော်​ကို..
မ​ကွေးမြို့ ​အ​ခြေခံပညာကျောင်း​ပေါင်းစုံ...
ကိုယ်​ပိုင်​အထက်​တန်း​ကျောင်းများ....
ဘုန်း​တော်​ကြီးသင်​စာသင်​​ကျောင်းများ...
ကျောင်း​နေအရွယ်​ ​ကျောင်းမ​နေနိုင်​​သော
က​လေးငယ်​များ...
မည်​သည့်​ က​လေးသူငယ်​မဆို ပါဝင်​ဆင်​နွှဲနိုင်​ရန်
စီစဉ်​ထားပါသည်​။
ပျော်​ရွှင်​ကြည်​နူးစွာ ပါဝင်​ဆင်​နွှဲကြပါစို့...။
မ​ကွေးမြို့​ပေါ်ရှိ အရပ်​ဘက်​အဖွဲ့အစည်းများနှင့်
သက်​ဆိုင်​ရာ ဌာနဆိုင်​ရာများ၏
ပူး​ပေါင်း တာဝန်​ယူမှု/ဦး​ဆောင်​စီစဉ်​မှုများ မှာ....
ကျပန်းစကား​ပြောပြိုင်​ပွဲ
( ၈၈ မျိုးဆက်​ ငြိမ်း/ပွင့်​ နှင့်
နည်းပညာတက္ကသိုလ်​ ဗကသ)
ပုံ​ပြောပြိုင်​ပွဲ
(​အေးချမ်း​မေတ္တာပရဟိတ နှင့်
မြန်​မာနိုင်​ငံစာ​ရေးဆရာအသင်း)
အရုပ်​ဆက်ပြိုင်​ပွဲ
(သဒ္ဓါရှင်​ ရှင်​သန်​မှုကူညီ​ရေးအဖွဲ့)
အိမ်​​ဆောက်​ပြိုင်​ပွဲ
(ဓမ္မ​ကျောင်း​တော်​)
ကဗျာ ကာတွန်းပြခန်း
(ထ​နောင်းရင်​ခွင်​စာ​ပေဝိုင်း)
KG ကဗျာရွတ်​ဆိုပြိုင်​ပွဲ
(လူမှုဝန်​ထမ်းဌာန)
စကားပုံဆက်​ပြိုင်​ပွဲ
(အာဂ ပရဟိတအဖွဲ့)
က​လေးသူငယ်​အခွင့်​အ​ရေးပြခန်း
(SCVG /Save The Children/
Magway Woman Club)
ကွန်​ပျူတာပန်းချီပြိုင်​ပွဲ
(ကွန်​ပျူတာတက္ကသိုလ်​ နှင့်
ကွန်​ပျူတာပညာရှင်​များအဖွဲ့)
အားကစားပြိုင်​ပွဲများ
(တိုင်းအား/ကာ)
စက္ကူအရုပ်​​ခေါက်​ပြပွဲ
(ပြန်​/ဆက်​)
ဆေး​ရောင်​ချယ်​ပြိုင်​ပွဲ
(SCVG)
ဖျော်​​​ဖြေ​ရေး
(သဘင်​အစည်းအရုံး နှင့်​ ဂီတအစည်းအရုံး)
စာအုပ်​ပြခန်း
(စာကြည့်​တိုက်​ ​ဖောင်​ဒ​ရေးရှင်းများ)
စသည်​တို့အပြင်​ မ​ကွေးမြို့ အသင်းအဖွဲ့အသီးသီးမှ
လှူဒါန်းကူညီ ပံ့ပိုးကြပါသည်​။
ထို့အပြင်​ စာအုပ်​​ရောင်းပွဲ​တော်​ကို
စာ​ပေတိုက်​အသီးသီးမှ ပါဝင်​ကြပါသည်​။
မ​ကွေးမြို့ရဲ့....၂၀၁၇။ ဒီဇင်​ဘာ မှတ်​တမ်းတစ်​ခုပါ။
Sunday, December 17, 2017
စာဖတ်ရှိန်မြှင့်တင်ရေး။ဆေးရော င်စုံခြယ်ပြိုင်ပွဲ ကျင်းပ
မြို့သစ် ဒီဇင်ဘာ (၁၅ )
မကွေးတိုင်းဒေသကြီးမြို့သစ်မြို့နယ်
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကြီးမှူးကျင်းပသည့်စာဖတ်ရှိန်မြှင့်တင်ရေးဆေးရောင်စုံခြယ်ပြိုင်ပွဲကိုယနေ့နံနက်(၉း၀၀)နာရီကမြို့သစ်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးခန်းမတွင်ကျင်းပသည်။
ပြိုင်ပွဲကိုမြို့ပေါ်ရှိအခြေခံပညာကျောင်း
များမှတတိယတန်းကျောင်းသားကျောင်းသူ(၂၅)ဦးပါဝင်ယှဉ်ပြိုင်ကြရာမခင်ငြိမ်းချမ်းကြွယ်(ပထမ)၊မဆောင်းယွန်းယတီ(ဒုတိယ)၊မောင်ခန့်ထူးအောင်(တတိယ)ဆုများ အသီးသီး ရရှိကြသည်။
ဆုရကျောင်းသားကျောင်းသူများအား မြို့သစ်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမြို့နယ် ဦးစီးမှူး ဒေါ်ဝင်အိဇွန် မှဆုများအသီးသီး ပေးအပ်ခဲ့ကြောင်းသိရသည်။
သန်းဝင်းထွန်း( မြို့သစ် )
ကော်ဖီအစေ့ထုတ်လုပ်နည်းသင်တန်း ထပ်မံဖွင့်လှစ်
ငဖဲ  ဒီဇင်ဘာ  ၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကော်ဖီရာသီသီးနှံဌာနခွဲတို့ ပူးပေါင်း၍ ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံ(နတ်ရေကန်)တွင် တောင်ပေါ်ဒေသကော်ဖီစိုက်တောင်သူများ ကော်ဖီနှင့်ပတ်သက်သည့်နည်းပညာများတိုးပွားစေရန်နှင့် နိုင်ငံတကာအဆင့်မီကော်ဖီအရည်အသွေးပြည့်မီစေရန်စသည့် ရည်ရွယ်ချက်တို့ဖြင့် ၇/၂၀၁၇ လတွင် ကော်ဖီပင်စိုက်ပျိုးနည်းသင်တန်း၊ ၉/၂၀၁၇ လတွင် ကော်ဖီပင်ပြုစုနည်းသင်တန်းတို့အား ဖွင့်လှစ်သင်ကြားပေးခဲ့ပြီးဖြစ်ပါသည်။
ဆက်လက်၍ (၆.၁၂.၂၀၁၇)ရက်နေ့မှ(၈.၁၂.၂၀၁၇)ရက်နေ့အထိ ကော်ဖီအစေ့ထုတ်လုပ်နည်းသင်တန်းကို ထပ်မံဖွင့်လှစ်သင်ကြားပေးလျှက်ရှိပါသည်။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊မြို့နယ်အုပ်ချုပ်ရေးမှူး၊
စည်ပင်အမှုဆောင်အရာရှိ၊ ကော်ဖီခြံတာဝန်ခံမန်နေဂျာ၊ မြို့နယ်ကျေးလက်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြပါသည်။
ဖွင့်ပွဲတွင် အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးမှလည်းကောင်း၊ မြို့နယ်ကျေးလက်ဦးစီးမှူးမှလည်းကောင်း သင်တန်းဖွင့်လှစ်ပေးရခြင်းနှင့်ပတ်သက်၍ အသီးသီးပြောကြားခဲ့ပြီး သင်တန်းမှသင်ကြား ပေးသောအသိပညာ၊ အတတ်ပညာ၊ နည်းပညာများဖြင့် မိမိဒေသကော်ဖီစိုက်ခင်းများတွင် နည်းပညာပိုင်းများကို စနစ်တကျအသုံးချနိုင်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်းနှင့် သင်တန်းနည်းပြမှ သင်တန်းတွင်ပို့ချမည့် ဘာသာရပ်များနှင့်ပတ်သက်၍ ရှင်းလင်းမိတ်ဆက်ပြီး သင်တန်းသားများအနေဖြင့်လည်း လေးလေးနက်နက်ဂရုစိုက်သင်ယူကြ စေလိုကြောင်း ပြောကြားခဲ့ပါသည်။
ငဖဲမြို့နယ်ကျေးလက်
မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်
မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်
ငဖဲ  ဒီဇင်ဘာ  ၁၅
ပွင့်လင်းရာသီသို့ကျရောက်လာပြီဖြစ်သည့်အတွက် ဌာနပိုင်ရုံးအဆောက်အဦများတွင် လျှပ်စစ်ဝါယာရှော့ကြောင့်လည်းကောင်း၊ ပေါ့ဆမှုကြောင့်လည်းကောင်း၊ တောမီးလောင်ကျွမ်းမှုကြောင့်လည်းကောင်း၊ ပျက်ဆီးဆုံးရှုံးမှုများမဖြစ်ပေါ်စေရေးအတွက် ငဖဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ငဖဲမြို့နယ်ကျေးလက်ဦးစီးဌာနရုံးရှေ့တွင်(၁၅.၁၂.၂၀၁၇)ရက်နေ့၌ ဇာတ်တိုက်လေ့ကျင့်မှုများပြုလုပ်ခဲ့ကြပါသည်။
                                                                    ငဖဲကျေးလက်ရုံး
Tuesday, December 12, 2017
ချောက်မြို့နယ်၌ အခြေခံ စာကြည့်တိုက်ပညာ စီမံခန့်ခွဲမှု သင်တန်းဖွင့်
 ချောက်        ဒီဇင်ဘာ ၁၂
       မကွေးတိုင်း ဒေသကြီး ချောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ ယနေ့ နံနက် ၉ နာရီတွင် အခြေခံ စာကြည့်တိုက်ပညာ စီမံခန့်ခွဲမှု သင်တန်းဖွင့်လှစ်ခဲ့သည်။
      အခြေခံ စာကြည့်တိုက်ပညာ 
စီမံခန့်ခွဲမှု သင်တန်းသို့ မြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်း၊ အလယ်တန်းကျောင်းများမှ ဆရာ၊ ဆရာမများ(၃၁) ဦးတက်ရောက်ကြပြီး ချောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ချိုချိုမာ၊ ဆိပ်ဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်အောင်တို့က စာကြည့်တိုက် ပညာရပ်များကို သင်ကြား ပို့ချသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ ဒီဇင်ဘာ ၁၂ရက်မှ ၁၃ ရက်အထိ နှစ်ရက်သင်ကြား ပို့ချပေးသွားမည် ဖြစ်သည်။ 
       အဆိုပါ သင်တန်းကို မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ် ပညာရေးဌာနတို့ ပူးပေါင်း၍ အခြေခံပညာ ကျောင်းများရှိ ကျောင်းစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုး တိုးတက်စေရေး၊ကျောင်းစာကြည့်တိုက်ရှိ စာအုပ်စာစောင်များကို စနစ်တကျ စီမံထိန်းသိမ်း ဆောင်ရွက် လာတတ်စေရန် ရည်ရွယ်ဖွင့်လှစ် ပေးခြင်းဖြစ်ကြောင်း သိရသည်။
                         မချို(ချောက်)
မြေလတ်ဂျာနယ် အတွဲ(၃)၊ အမှတ်(၁၉)၊ ၂၀၁၇ ၊ ဒီဇင်ဘာလ(၁၆-၃၁)ရက်ထွက် ဂျာနယ်ကို ဒီဇင်ဘာ(၁၄)ရက်နေ့ မှာ ကြိုတင်၍ဖြန့်ချိပါမည်။
မြေလတ်ဂျာနယ် အတွဲ(၃)၊ အမှတ်(၁၉)၊
၂၀၁၇ ၊ ဒီဇင်ဘာလ(၁၆-၃၁)ရက်ထွက် ဂျာနယ်ကို
 ဒီဇင်ဘာ(၁၄)ရက်နေ့ မှာ ကြိုတင်၍ဖြန့်ချိပါမည်။
မကွေးတိုင်းဒေသကြီး ၂၅ မြို့နယ် နှင့် အခြားနယ်ပို့ ကိုယ်စားလှယ်များထံသို့ အချိန်မီ မရောက်လျှင် (၀၉-၄၄၀၂၂၅၁၀၀) ဖုန်းသို့ အကြောင်းကြားပေးစေလိုပါသည်။
မကွေးတိုင်းဒေသကြီး ၂၅ မြို့နယ်မှ တစ်မြို့နယ်လျှင် ဖြန့်ချီရေးကိုယ်စားလှယ် ၁ ဦး နှင့် တိုက်ပိုင်သတင်းထောက် ၁ ဦး၊ခန့်ထားလိုပါသည်။ (၃၁/၁/၂၀၁၈)နောက်ဆုံးထား၍ ကိုယ်ရေးအကျဉ်းဖြင့် စာတိုက်(သို့မဟုတ်) အီးမေလ် နှင့် ဖေ့စ်ဘွတ်ခ် မက်စင်ဂျာ တို့မှ မြေလတ်ဂျာနယ်သို့ လျှောက်ထားနိုင်ပါသည်။
အယ်ဒီတာအဖွဲ့
မြေလတ်ဂျာနယ်ရုံး အမှတ်(၅)၊ ဟိန္ဒူဆိုင်တိုက်ခန်း၊
ပြည်တော်သာလမ်း၊ ရွာသစ်ရပ်၊
မကွေးမြို့။
၀၉- ၄၄၀၂၂၅၁၀၀- ၇၉၄၅၇၅၀၇၀
Email: myaylatmedia@gmail.com
Facebook : uwin kyi
Myaylat Journal
Website: www.myaylatmedia.com