Saturday, September 2, 2017

ဂန့်ဂေါမြို့နယ် မြစ်သာတမံတွင် ငါးမျိုးစိုက်ထည့်




ဂန့်ဂေါ စက်တင်ဘာ ၂
          ဂန့်ဂေါမြို့နယ်တွင် တည်ဆောက်လျက်ရှိသည့် မြစ်သာရေလှောင်တမံတမံတွင် စက်တင်ဘာ ၂ ရက် နံနက်က ငါးမျိုးစိတ်စိုက်ထည့်ခြင်းလုပ်ငန်း ဆောင်ရွက်ရာ ငါးခုံးမကြီး ကောင်ရေ ၂ သိန်း၊ ငါးမြစ်ချင်း ကောင်ရေ ၁ သိန်းတို့ကို ရေလှောင်တမံအတွင်းသို့ စိုက်ထည့်ကြသည်။
          အဆိုပါ ငါးမျိုးစိုက်ထည့်ပွဲသို့ ဂန့်ဂေါခရိုင် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသိန်းဆွေ၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသန့်ဇင်ခိုင်၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာစိန်ဝင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူး ဦးမင်းအောင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးတင်ငွေ၊ မြစ်သာရေလှောင်တမံစီမံကိန်း ဦးစီးအရာရှိ ဦးဥာဏ်စိုး၊ ဦးကိုကိုနိုင် တို့ တက်ရောက်ကာ ငါးမျိုးများစိုက်ထည့်ပေးကြသည်။
          မြစ်သာတမံတွင် ငါးမျိုးစိုက်ထည့်ခြင်းကို ၂၀၁၆ ခုနှစ်ကလည်း ငါးခုံးမကြီး ကောင်ရေ ၂ သိန်း နှင့် ငါးမြစ်ချင်း ကောင်ရေ ၁ သိန်းခွဲကို စိုက်ထည့်ခဲ့ကြောင်းနှင့် အဆိုပါ ငါးမျိုးစိတ်များကို မကွေးတိုင်းဒေသကြီး ပွင့်ဖြူ ငါးသားပေါက်စခန်းမှ ထောက်ပံ့ရရှိကြောင်း သိရသည်။
စိန်ကျော်(ဝါးဘိုးချောင်)

0 comments:

Post a Comment