ငဖဲ စက်တင်ဘာ ၆
စိုက်ပျိုးရေး၊
မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့်
ကော်ဖီရာသီသီးနှံဌာနခွဲတို့ ပူးပေါင်း၍ ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံ(နတ်ရေကန်)တွင်
၇/၂၀၁၇ လတွင် ကော်ဖီပင်စိုက်ပျိုးနည်း သင်တန်းကို တောင်ပေါ်ကျေးရွာအုပ်စုများမှ သင်တန်းသား(၃၀)ဦးတို့ဖြင့်
ပထမအကြိမ် ဖွင့်လှစ်ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
ယခုထပ်မံ၍
ကော်ဖီပင်ပြုစုနည်းသင်တန်းကို စက်တင်ဘာ ၆ ရက်နေ့တွင်
အသက်မွေး ဝမ်းကျောင်းအထောက်အကူပြု ထပ်မံဖွင့်လှစ်ပေးလျှက်ခဲ့ပြီး
အဆိုပါသင်တန်းကို (၆.၉.၂၀၁၇) ရက်နေ့မှ (၈.၉.၂၀၁၇)ရက်နေ့ အထိ(၃)ရက်ကြာ တောင်ပေါ်ဒေသ ကော်ဖီစိုက်တောင်သူ
သင်တန်းသူ/သား(၃၂)ဦးတို့အား သင်တန်းနည်းပြမှ စာတွေ့လက်တွေ့ဖွင့်လှစ် သင်ကြားပေးသွားမည်
ဖြစ်သည်။
ဖွင့်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးစိုးမြင့်၊
အမှတ်(၁)၊(၂) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့က
သင်တန်းဖွင့်လှစ်ပေးခြင်းနှင့် ပတ်သက်၍ အမှာစကားအသီးသီးပြောကြားကာ မြို့နယ် ကျေးလက်ဦးစီးမှူးက သင်တန်းမှသင်ကြား ပေးသော အသိပညာအတတ်ပညာများဖြင့်
မိမိဒေသကော်ဖီစိုက်ခင်းများတွင် နည်းပညာပိုင်းများကို စနစ်တကျ အသုံးချနိုင်စေရန်နှင့်
သင်တန်းနည်းပြမှ သင်တန်းတွင်ပို့ချမည့် ဘာသာရပ်ဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။
ကော်ဖီစိုက်တောင်သူများအား
ငဖဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကော်ဖီပညာပေးသင်တန်းများနှင့်ပတ်သက်၍
(၃)ကြိမ်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းနှင့် ယခုသင်တန်း သည် ဒုတိယအကြိမ်ဖွင့်လှစ်သင်ကြားခြင်းဖြစ်ပြီး
ဆက်လက်၍ ဒီဇင်ဘာလတွင် ကော်ဖီအစေ့ ထုတ်နည်းသင်တန်းကို ထပ်မံသင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း
သိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment