Thursday, September 7, 2017

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် တင်ဒါအောင်မြင်သည့် ကုမ္ပဏီမှကျေးလက်ရေရရှိရေးနှင့်ပတ်သက်၍ ရှင်းလင်းပွဲကျင်းပ




ငဖဲ      စက်တင်ဘာ      


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၁၇-၂၀၁၈ ခုဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် တင်ဒါအောင်မြင်သည့် ခေတ်သစ်ကုမ္ပဏီမှ ကျေးလက်ဒေသ ရေရရှိရေးနှင့်ပတ်သက်၍ ရှင်းလင်းပွဲအခမ်းအနားကို စက်တင်ဘာ ၇ ရက်နေ့ နံနက် ၁၀ နာရီက ငဖဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မ ဦးစိုးမြင့်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းက  တင်ဒါရှင်းလင်းပွဲအခမ်းအနားနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ မြို့နယ်ကျေးလက်ဦးစီးမှူး ဦးယုနိုင်လင်းက  လက်ရှိကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုနှင့် ၂၀၁၇-၂၀၁၈ ခုဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် ကျေးလက်ရေရရှိရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တင်ဒါအောင်မြင်သော ကုမ္ပဏီမှ လုပ်ငန်းများလာရောက်ဆောင်ရွက်ရာတွင် ကျေးရွာပြည်သူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တင်ဒါအောင်မြင်သည့် ခေတ်သစ်အဖြူရောင်ကုမ္ပဏီတာဝန်ခံမှ မိမိတို့ဆောင်ရွက် မည့် လုပ်ငန်းအစီအစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသော ကျေးရွာပြည်သူများမှ သိလိုသည်များကို မေးမြန်းခဲ့ကြကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment