Monday, September 4, 2017

တရားရုံးဝန်ထမ်း အရည်အသွေးမြှင့်သင်တန်း အမှတ်စဉ်(၂/၂၀၁၇)ဖွင့်လှစ်


မကွေး     စက်တင်ဘာ     ၃
မကွေးတိုင်းဒေသကြီးတရားလွှတ်တော်အတွင်းရှိ တရားရုံးအဆင့်ဆင့်တွင် တာဝန်ထမ်း ဆောင်လျက်ရှိသော တရားရေးဝန်ထမ်းများ အရည်အသွေးမြှင့်သင်တန်း အမှတ်စဉ်(၂/၂၀၁၇) ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၁ ရက်နေ့ နံနက် ၁၀ နာရီခွဲက မကွေးတိုင်းဒေသကြီး တရား လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ မကွေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဦးစိန်ထွန်း တက်ရောက်အမှာစကားပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်နှင့်တိုင်း ဒေသကြီးတရားလွှတ်တော်မှ တရားရေးအရာရှိများ မကွေးခရိုင်တရားရုံး၊ မင်းဘူးခရိုင်တရားရုံးနှင့် မကွေးမြို့နယ်၊မင်းဘူးမြို့နယ်တရားရုံးတို့မှ တရားသူကြီးများနှင့်သင်တန်းသား(၄၂)ဦးတို့ တက် ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ အပတ်စဉ် စနေ၊တနင်္ဂနွေနေ့များတွင်(၄)ပတ်ကြာ ဖွင့်လှစ်ပို့ချ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment