Thursday, September 7, 2017

သဘာဝသယံဇာတ ထုတ်ယူသုံးစွဲမှုစီမံခန့်ခွဲမှုနှင့် ပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ အရပ်ဖက်အဖွဲ့အစည်းနှင့် မီဒီယာများတွေ့ဆုံဆွေးနွေးပွဲကျင်းပ




မကွေး       စတင်ဘာလ     

သဘာဝသယံဇာတ ထုတ်ယူသုံးစွဲမှုစီမံခန့်ခွဲမှုနှင့် ပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာ ကိစ္စရပ်များ နှင့်ပတ်သက်၍ အရပ်ဖက်အဖွဲ့အစည်းနှင့် မီဒီယာများတွေ့ဆုံဆွေးနွေးပွဲကို စတင်ဘာ ၇ ရက်နေ့ နံနက် ၁၀ နာရီက မကွေးမြို့နန်းထိုက်သူ ဟိုတယ်ခန်းမတွင်ကျင်းပသည်။
အဆိုပါအခမ်းအနားဖြစ်မြောက်ရေးအတွက် Internewsနှင့်Fhi360 တို့မှ အကောင်အထည် ဖော်ဆောင်ရွက်လျှက်ရှိသော Civil Society and Meia Project အနေဖြင့် ဆောင်ရွက် သည်ဟု သိရသည်။ သဘာဝပတ်ဝန်းကျင်နှင့်သဘာဝသယံဇာတထုတ်ယူသုံစွဲမှုကို စောင့်ကြည့် လေ့လာ နေသည့် အရပ်ဘက်အဖွဲ့များ နှင့် ယင်းအကြောင်းအရာများအပေါ် စောင့်ကြည့်ရေး သားလိုသည့် မီဒီယာများအကြား ပုံမှန်ချိတ်ဆက်ဆောင်ရွက်ခြင်းနှင့် အပြန်အလှန် သတင်း အချက်အလက် ဖလှယ်ခြင်းများ ပိုမိုပြုလုပ်ဆောင်ရွက်လာနိုင်ရန် ရည်ရွယ်၍ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် သဘာဝသယံဇာတစီမံခန့်ခွဲမှုအားကောင်းလာစေရန် အတွက် တိုက်တွန်းအား ပေးနိုင်ရန် အစိုးရသယံဇာတ တူးဖော်ထုတ်လုပ်သူများနှင့် ပြည်သူများအကြား သဘာဝသယံဇာတ ထုတ်ယူသုံးစွဲခြင်း ကောင်းကျိုးဆိုးကျိုးများကို ပိုမိုသိရှိလာနိုင်စေရန်နှင့် အကျိုးအပြစ်များကို မီးမောင်းထိုးပြနိုင်သော သတင်းထုတ်လုပ်မှုများ ပိုမိုပေါ်ထွက်လာစေရန် ကျင်းပခဲ့ခြင်းဖြစ်ကြောင်းနှင့် ဆွေးနွေးပွဲတွင် အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားပြုတက်ရောက်သူ(၂၀)ဦး ကျော်နှင့် သတင်းမီဒီယာများမှ တက်ရောက်သူ (၂၀)ခန့် စုစုပေါင်းတက်ရောက်သူ (၄၀)ဦး ကျော်ခန့် တက်ရောက် ဆွေးနွေးခဲ့ကြသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment