Wednesday, September 20, 2017

၂၀၁၇-ဆောင်းရာသီ သီးနှံထုတ်လုပ်မှုဘဏ်ချေးငွေ ထုတ်ချေးရေး အကြိုညှိနှိုင်းဆွေးနွေး




ငဖဲ      စက်တင်ဘာ      ၂၀
          ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ တွင် ယနေ့နံနက် ၁၀ နာရီက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၁၇ ဆောင်းရာသီ သီးနှံထုတ် လုပ်မှုဘဏ်ချေးငွေ ထုတ်ချေးရေး အကြိုညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။
          အစည်းအဝေးတွင် မြို့နယ်မန်နေဂျာ ဦးအေးလွင်ရီက တောင်သူများသို့ ဖြန့်ဝေထားသော ပုံစံများအား သတ်မှတ်ပံစံအတိုင်း ဖြည့်စွက်ခြင်းရှိ /မရှိ ၊သီးနှံအမျိုးအစားနှင့်ဧကကိုက်ညီမှုရှိ /မရှိ တို့အား မြို့နယ်ဘဏ်ခွဲမှ စစ်ဆေးအတည်ပြုသွားမည်ဖြစ်ကြောင်း၊ဘဏ်ခွဲမှလည်း ၂၀၁၇ ဆောင်း ထုတ်ချေးရေးစီမံချက်အတိုင်း ချေးငွေညွှန်ကြားချက်နှင့်အညီ ထုတ်ချေးပေးသွားမှာဖြစ်ကြောင်း ချေးငွေနှုန်းထားများကိုလည်း ယခင်အတိုင်း စပါးတစ်ဧက(၁၅၀၀၀၀/ိ-)၊ အခြားသီးနှံတစ်ဧက (၅၀၀၀၀/ိ-)ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ယခုနှစ်အတွင်း မြို့နယ်ဘဏ်ခွဲမှ ဆောင်းသီးနှံ ချေးငွေကို ကျေးရွာအုပ်စု(၉)အုပ်စုမှ လူဦးရေ(၈၈၂)ဦးသို့ စပါးဧက(၁၇၇၅)ဧက၊ အခြားသီးနှံ (၁၄၄၀)ဧက စုစုပေါင်း(၃၂၁၅)ဧကအတွက် ငွေပေါင်း(၃၃၈၂.၅)သိန်း ထုတ်ချေးပေးရန်လျာထား ထားကြောင်း၊တောင်သူများမှလည်း သတ်မှတ်ချက်အတိုင်း အချိန်မီဆောင်ရွက်ကြရန် လိုအပ် ကြောင်း ပြောသည်။
          ဆွေးနွေးပွဲအပြီးတွင် တက်ရောက်လာသောတောင်သူ ပင်ဦးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဗိုလ်ထိပ်မှ မြို့နယ်ပြန်/ဆက်ရုံး ပြတိုက်ငယ်အတွက် အရှိုချင်း အမျိုးသားဝတ်စုံ တစ်စုံကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment