Wednesday, September 13, 2017

မြန်မာ့ဒီမိုကရေစီရုပ်ရှင်ပွဲတော် ကျင်းပမည်


မကွေး     စက်တင်ဘာ     ၁၃
အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံဖြစ်ပေါ်လာစေရေး ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလ ဦးတည်ဆောင်ရွက်နေစဉ်တွင်  လွှတ်လပ်ရေးလှုပ်ရှားမှု ဒီမိုကရေစီလှုပ်ရှားမှုနှင့်ပါလီမန်ဒီမိုကရေစီတို့အပေါ် နိုင်ငံသူ နိုင်ငံသားများ ပိုမိုစိတ်ဝင်စား လက်ခံ တက်ကြွလာစေရန် ပြန်ကြားရေးဝန်ကြီးဌာနမှကြီးမှူး၍ မြန်မာ့ဒီမိုကရေစီပွဲတော်(ရုပ်ရှင်၊ဂီတ၊ သဘင်)ကို ၁၅-၉-၂၀၁၇ ရက်နေ့မှ ၂၁-၉-၂၀၁၇ ရက်နေ့ထိ ရက်သတ္တပတ်ကာလအတွင်း ကျင်းပ သွားမည်ဖြစ်သည်။

          မကွေးတိုင်းဒေသကြီးအတွင်း မြန်မာ့ဒီမိုကရေစီ ရုပ်ရှင်ပွဲတော်ကို ၁၅-၉-၂၀၁၇ ရက်နေ့မှ ၂၁-၉-၂၀၁၇ ရက်နေ့ထိ မကွေးမြို့ရှိ မင်္ဂလာစံပြရုပ်ရှင်ရုံ၊ရေနံချောင်းမြို့ရှိ ရတနာရုပ်ရှင်ရုံနှင့် ပခုက္ကူမြို့ရှိ သီဟရုပ်ရှင်ရုံများတွင် ဖွင့်ပွဲအခမ်းအနားနှင့်မြန်မာ့ဒီမိုကရေစီရုပ်ရှင်ဇာတ်ကား (၅) ကားကို ပထမနေ့ပွဲစဉ်မှစ၍ အခမဲ့ ပြသပြီးနောက် ကျန်ရက်များတွင်အခကြေးငွေဖြင့် ပြသ သွားမည်ဖြစ်ကြောင်း သိရသည်။
        
  ထို့အတူ မြန်မာနိုင်ငံတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံ(၄၄)ရုံတွင် ပွဲတော်ရက်အတွင်း နေခြည်မှာ ရွှေရည်လောင်း၊ တိမ်ပြာသောနေ့၊ သရာစောထိ၊ ဒီမိုရပ်ကွက်၊ ကြီးမြတ်သောမြန်မာစသည့် မြန်မာ့ ဒီမိုကရေစီရုပ်ရှင်ဇာတ်ကား(၅)ကားကို ပြသသွားမည်ဖြစ်သည်။

          မြန်မာ့ဒီမိုကရေစီပွဲတော်(ရုပ်ရှင်၊ဂီတ၊သဘင်)ကို အောင်မြင်အောင်စွာ ကျင်းပနိုင်ရေး အတွက် ဖွင့်ပွဲအခမ်းအနား ကျင်းပမည့် မကွေးမြို့ မင်္ဂလာစံပြရုပ်ရှင်ရုံတွင် ပြင်ဆင်ဆောင်ရွက် ထားရှိမှုများအား ယနေ့ညနေ ၅ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ အလုပ်သမား၊လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ၀န်ကြီး ဦးနေမျိုးကျော် လာရောက်ကြည့်ရှုကာ လုပ်ငန်းဆောင်ရွက်ထားရှိမှုများနှင့်ပတ်သက်၍ လိုအပ်သည်များမှာကြားခဲ့သည်။ 

သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment