Friday, September 1, 2017

အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သဘာဝမြေသြဇာ ထုတ်လုပ်မှုသင်တန်း(၁/၂၀၁၇) သင်တန်းဖွင့်ပွဲကျင်းပ




ဂန့်ဂေါ      စက်တင်ဘာ    
ဂန့်ဂေါမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်သော အသက်မွေး ၀မ်းကျောင်း အထောက်အကူပြု သဘာဝမြေသြဇာထုတ်လုပ်မှုသင်တန်း(၁/၂၀၁၇) သင်တန်းဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာလ ၁ ရက်နေ့ နံနက်(၁၀ နာရီခွဲက ဂန့်ဂေါမြို့နယ်၊ မင်းရွာကျေးရွာ၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့ရာ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင် ဦးစီးမှူး ဦးဝင်းအောင်မှ အဖွင့်အမှာစကားပြောကြားကာ ဖွင့်လှစ်ခဲ့သည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးဥါဏ်လှိုင်မှ အမှာစကားပြောကြားခဲ့ပြီး ဂန့်ဂေါ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး၊ ဦးစိုးလင်းထွဋ်မှ သင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဒေါ်မြင့်မြင့်နွယ်က သင်တန်းကာလတွင် သင်ကြားပို့ချမည့် ဘာသာရပ်များနှင့် စပ်လျင်း၍ အသေးစိတ် ဆွေးနွေးတင်ပြခဲ့ရာ ကျေးရွာရှိ သင်တန်းသူ/သင်တန်းသားများမှ တစ်ဦးချင်းအလိုက် မိတ်ဆက် ဆွေးနွေးခဲ့ကြပြီး သင်ထောက်ကူပစ္စည်းများအား ပေးအပ်ခဲ့သည်။
 အဆိုပါသင်တန်းတွင် သင်တန်းသား (၃၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၁.၉.၂၀၁၇) မှ (၅.၉.၂၀၁၇) အထိ (၅)ရက်ကြာ သဘာဝမြေသြဇာ ထုတ်လုပ်မှုနည်းပညာများနှင့် ပတ်သက်၍ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment