Friday, September 1, 2017

စက်မူနင့်အသက်မမေးပညာသင်တန်းဆင်းပွှဲကျင်းပ




ပွင့်ဖြူ                                                 စက်တင်ဘာ 

          ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေရေးနှင့် လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စက်မှုနှင့်အသက်မွေးပညာ ရွေ့လျားသင်တန်း အမှတ်စဉ်(၄၉)သင်တန်း ဆင်းပွဲ အား စက်တင်ဘာလ(၁)ရက်နေ့ နံနက်(၉)နာရီက ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဗိုလ်ဥတ္တမ ခန်းမတွင် ကျင်းပခဲ့သည်။
          အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ အင်အားဝန်ကြီး ဦးနေမျိုးကျော်က သင်တန်းဆင်းအမှာစကား ပြောကြားပြီး စက်မှုဝန်ကြီးဌာန၊ စက်မှုပူး ပေါင်းဆောင်ရွက်ရေး ဦးစီးဌာန၊ အမှတ်(၄) စက်မှုသင်တန်းကျောင်း (ပခုက္ကူ)ကျောင်းအုပ်ကြီး ဦးရဲထွဋ်ဇော် က သင်တန်းဆင်းအမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ဆုရရှိသူများအား တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့က ဆုများ အသီးသီးပေးအပ် ကာ ကျောင်းအုပ်ကြီးက သင်တန်းသားများကိုယ်စား သင်တန်းသားခေါင်းဆောင်အား သင်တန်းဆင်းလက် မှတ်များ ပေးအပ်ခဲ့ပါသည်။
          အဆိုပါသင်တန်းကို အမှတ်(၄) စက်မှုသင်တန်းကျောင်း (ပခုက္ကူ)မှ လာရောက်ဖွင့်လှစ်ပေးခြင်း ဖြစ် ကြောင်းနှင့် ပွင့်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူ(၄၈)ဦးတို့အား သြဂုတ်လ(၁၈)ရက်နေ့မှ စက်တင်ဘာလ(၁)ရက်နေ့အထိ (၁၄)ရက်ကြာ စာတွေ့/ လက်တွေ့ သင်ကြားပို့ချ ပေးခဲ့ခြင်းဖြင့် သင်တန်းသား များမှ ဆက်လက်၍ ပညာများ ပြန့်ပွားပေးကာ ကျေးရွာနေပြည်သူများ၏ စားဝတ်နေရေးဘဝ ပိုမိုမြှင့်တင် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

                                                                                      မြို့နယ်( ပြန် / ဆက် )

0 comments:

Post a Comment