Wednesday, August 2, 2017

ရာသီတုပ်ကွေးရောဂါ A/ H1N1နှင့်သွေးလွန်တုပ်ကွေး ကျန်းမာရေးအသိပညာပေးဟောပြော




ငဖဲ      သြဂုတ်     


ငဖဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ရာသီတုပ်ကွေးရောဂါA(H1N1)နှင့် သွေးလွန်တုပ် ကွေးရောဂါအကြောင်း ကျန်းမာရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ငဖဲမြို့အခြေခံပညာအထက်တန်းကျောင်း ဗိုလ်ရွှဲခန်းမ၌ ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် ငဖဲမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ဆရာဝန် ဒေါက်တာ အောင်ကျော်နိုင်က A(H1N1)ရာသီတုပ်ကွေးရောဂါကူးစက်ပျံ့နှံ့မှုနှင့် ရောဂါလက္ခဏာများ၊ ရောဂါ ပိုးသည် အသက်ရှုလမ်းကြောင်းမှ တဆင့်ကူးစက်မြန်ရောဂါဖြစ်ပြီး ကြိုတင်ကာကွယ်ရန်နည်းလမ်း များ၊ H1N1 ဗိုင်းရပ်စ်ကူးစက်မှုကို ကာကွယ်ရန်သတိပြုသင့်သည့်အချက်များနှင့် Face mask အသုံးပြုပုံများ၊ ကျန်းမာရေးမှူး-၁ ဦးမင်းမင်းထွန်းက သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေး အကြောင်းတို့ကို power point ဖြင့် ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပြီး တက်ရောက်လာသော ဌာနဆိုင်ရာအကြီးအကဲများနှင့်ကျောင်းသား ကျောင်းသူများအား ကျန်းမာရေးဌာနမှ mask များဖြန့် ဝေပေးခဲ့ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment