မကွေး ဇူလိုင်
၂၉
ရန်ကုန်ဆေးရုံကြီးတွင်
H1N1 စစ်ဆေးတွေ့ရှိရသည့် လူနာနစ်ဦးမှာ မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်
အတွင်းရှိ ဂွေးကုန်းကျေးရွာတွင် ယခုရက်ပိုင်းတည်းခိုနေထိုင်ခဲ့သည့် သတင်း ကြားသိရ၍
ကျန်းမာရေးဌာနက နတ်မောက်မြို့နယ်အတွင်းမှ ဂွေးကုန်းကျေးရွာ(၅)ရွာသို့ နယ်မြေ
ကွင်းဆင်း စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း တိုင်းဒေသ ကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးထံမှ
သိရသည်။
ကျန်းမာရေးဌာနအနေနဲ့
နယ်မြေကွင်းဆင်းပြီး စုံစမ်းကြည့်တဲ့အခါ ဂွေးကုန်း ဆိုတဲ့ကျေးရွာက
နတ်မောက်မြို့နယ်မှာ (၅) ရွာတောင်ရှိနေတာကြောင့် အဲဒီ (၅)ရွာလုံးက
အဖျားရောဂါဖြစ်ပွား လူနာတွေအပေါ် စောင့်ကြပ် ကြည့်ရှုစစ်ဆေးမှုတွေ
ပြုလုပ်လျက်ရှိပါတယ်။ ဒီနေ့အထိ H1 N1
ပြင်းထန်တုပ်ကွေးရောဂါ လုံးဝမတွေ့ရပါဘူးဟု တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန
အထူးရောဂါနှိမ်နှင်းရေးအဖွဲ့ခေါင်းဆောင် ဒေါက်တာချမ်းမြေ့အေးသောင်က ပြောသည်။
မကွေးတိုင်းဆေးရုံကြီးသို့
ဇူလိုင်(၂၈)ရက် နံနက်ပိုင်းက တုပ်ကွေးဖျားသည့် လူနာ(၂) ဦးအား H1 N1 သံသယရှိသဖြင့်
စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာမှာလည်း စစ်ဆေးပြန်ကြားချက်အရ H1 N1 ရောဂါပိုး
မတွေ့ရှိရကြောင်း ၄င်းက ဆက်လက်ပြောသည်။
H1
N1 ပြင်းထန်တုပ်ကွေးရောဂါ ကာကွယ်နိုင်ရေးအတွက် မကွေးတိုင်းဒေသကြီး တီဘီဌာနမှ N 95
Mask များအား တိုင်းဒေသကြီးအတွင်းရှိ (၂၅)မြို့နယ်ရှိဆေးရုံများသို့
တစ်မြို့နယ်လျှင် (၁၂၀)စီ မကွေးတိုင်း ဆေးရုံကြီးတွင် (၁၄၈၀)ခု၊ သင်ကြားရေးဆေးရုံတွင်
(၂၄၀)ခု ဖြန့်ဝေပေးထား ကြောင်းနှင့် နတ်မောက်မြို့နယ်မှ အဖျားရောဂါဖြစ်ပွား
လူနာများအား စောင့်ကြပ်ကြည့်ရှု စမ်းသပ်နိုင်ရန်အတွက် Non-Contact Thermometer
(၂)ခု ဖြန့်ဝေထားကြောင်း၊ရောဂါ မဖြစ်ပွားရေး အတွက် ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍
ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် အသိပညာပေးလုပ်ငန်းများ
လုပ်ဆောင်လျက်ရှိကြောင်းကို တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန မှ သိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment