Wednesday, August 16, 2017

ပွင့်ဖြူမြို့တွင် မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန် ဆုပေးပွဲကျင်းပ




ပွင့်ဖြူ        သြဂုတ်         ၁၄
          မကွေးတိုင်းဒေသကြီး၊ပွင့်ဖြူမြို့နယ်တွင် မိဘဆရာအသင်းအစည်းဝေးနှင့် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် ထူးချွန်စွာအောင်မြင့်ခဲ့သော ကျောင်းသား/သူများအား ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို သြဂုတ်လ (၁၃)ရက်နေ့ နံနက်(၉)နာရီက ပွင့်ဖြူ အ.ထ.ကကျောင်း ခန်းမတွင်ကျင်းပခဲ့သည်။
          အခမ်းအနားတွင် ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်းမှ အဖွင့်အမှာစကားပြော ကြားပြီး ဒု-မြို့နယ်ပညာရေးမှူး ဦးတင်အေးမှ ပွင့်ဖြူမြို့နယ်အတွင်း ပညာရေးကဏ္ဍတိုးတက်လာမှုနှင့် အောင်ချက်ရာ နှုန်းမြင့်မားလာမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။ထို့နောက် ကျောင်းအကျိုးတော်ဆောင် နာယက ဦးဝင်းမြင့်မှ အမှာစကားပြောကြားပြီး ပွင့်ဖြူမြို့ အ.ထ.ကကျောင်းအုပ်ဆရာကြီး မှ ဆုချီးမြင့်ပေးခြင်းနှင့် လက်ရှိ ပညာရေး ကဏ္ဍတိုးတက်လာမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။ဆက်လက်၍ ၂၀၁၇-၂၀၁၈ ပညာသင် နှစ် မိဘဆရာအသင်း ပြန်လည်ဖွဲ့စည်းခြင်းနှင့် အတည်ပြုခြင်းများဆောင်ရွက်ခဲ့ပြီး ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား/သူများအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများမှ ဆုများ ချီးမြှင့်ပေးအပ်ခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
          ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် ပွင့်ဖြူမြို့ အ.ထ.ကကျောင်းမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် (၆)ဘာသာ ဂုဏ်ထူးရှင် (၁)ဦး၊(၅)ဘာသာ ဂုဏ်ထူးရှင် (၁)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင် (၆)ဦး၊(၃)ဘာသာဂုဏ်ထူးရှင် (၄)ဦး၊ (၂) ဘာသာဂုဏ်ထူးရှင် (၂)ဦး၊(၁)ဘာသာဂုဏ်ထူးရှင် (၁၂)ဦးထွက်ပေါ်ခဲ့ပြီး စတုတ္တတန်းမှ န၀မတန်းအထိ (A) အဆင့် ဖြင့်အောင်မြင်သူ (၂၈၉)ဦးတို့အား ဆုချီးမြှင့်ပေးအပ်ခဲ့ကြောင်းသိရှိရသည်။
သူရထွန်း(ပွင့်ဖြူ)

0 comments:

Post a Comment