ံ
မင်းဘူး သြဂုတ် ၂၇
မကွေးတိုင်းဒေသကြီး အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးနေမျိုးကျော်၊တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တို့သည် လူမှုဝန်ထမ်း၊ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထာရေးဝန်ကြီးဌာန၊တိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဦးစီးဌာနမှ တာဝန်ရှိသူများလိုက်ပါကာ မင်းဘူးမြို့နယ်၊ရပ်ကွက်(၄)ရပ်ကွက်နှင့် ကျေးရွာ(၇)ရွာ တို့မှ ရေဘေးရှောင်ပြည်သူ(၄၉၇၇)ဦးတို့အတွက် ဆန်(၃)ရက်စာဖိုး(၄၄၇၉၃၀၀ိ/)ကို ယမန်နေ့ နံနက်ပိုင်းက မင်းဘူးမြို့ မှန်ကင်းကျောင်းမြတ်သုခဓမ္မာရုံတွင် ကူညီ့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီးဝန်ကြီးနှင့်အဖွဲ့သည် ရေကြီးနစ်မြုပ်နေသော ကျေးရွာများဖြစ်သည့် မင်းဘူး မြို့နယ် ထုံးမကျည်းကျေးရွာနှင့် နိဗ္ဗန်ကျွန်း ကျေးရွာများသို့ စက်လှေများဖြင့် သွားရောက်ကာရေဝင် နစ်မြှုပ်နေမှုအား ကြည်ရှုပြီး ကျေးရွာများမှ ရေလွတ်ရာသို့ ယာယီပြောင်းရွေ့နေရာချ ထားသော ပြည်သူများနှင့် ရေကြီးနစ်မြုပ်၍ နေအိမ်များတွင် အိမ်စောင့်ကျန်ရှိနေသော ဒေသခံပြည်သူများအား သွားရောက်တွေ့ဆုံ၍ ကူညီထောက်ပံ့မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုများအတွက် စီမံဆောင်ရွက် ပေးခဲ့သည်။
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်တွင် ဧရာဝတီမြစ်ရေ ဒုတိယအကြိမ်မြင့်တက် လာမှုကြောင့် မင်းဘူးမြို့ပေါ်ရှိ မြေနိမ့်ပိုင်းရပ်ကွက်များမှပြည်သူအချို့နှင့် ဧရာဝတီမြစ်ကမ်းပါရှိ ကျေးရွာများ ရေလွတ်ရာသို့ ယာယီပြောင်းရွေ့နေရာချထားလျက်ရှိပြီး ဧရာဝတီမြစ်ရေ အခြေအနေ မှာ ၁၆၇၈စင်တီမီတာ သို့ရောက်ရှိကာ မင်းဘူးမြို့ စိုးရိမ်ရေအမှတ်မှာ (၁၇၀၀)စင်တီမီတာ ဖြစ်ကြောင်းနှင့်သက်ဆိုင်ရာ တာဝန်ရှိတို့က ကျန်းမာရေးစောင့်ရှောက်မှုများနှင့် ကူညီပံ့ပိုးမှုတို့အတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment