Saturday, August 12, 2017

မြစိမ်ရောင်ကျေးရွာများ ဒုတိယနှစ် ပြန်လည်ထုတ်ချေးပေး




ပွင့်ဖြူ         သြဂုတ်        ၁၁
          မကွေးတိုင်းဒေသကြီး၊ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေး နှစ်မှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အထိ ကျေးရွာ (၂၈)ရွာ၊ယူနစ် (၂၆)ယူနစ်တွင် မြစိမ်ရောင်ကျေးရွာ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ(၃၁)ရက်နေ့အထိ အတိုးအရင်းစုစုပေါင်း ကျပ်(၈၆၁.၁၃၅)သန်း ရှိပြီး အရင်းငွေ ကျပ် (၇၈၀)သန်းဖြစ်ရာ အတိုးရငွေစုစုပေါင်း ကျပ်(၈၁.၁၃၅)သန်း ရရှိပြီးဖြစ်ကြောင်း သိရှိရသည်။
          အဆိုပါကျေးရွာများအနက်မှ ဒုတိယနှစ် စီမံကိန်းကျေးရွာ (၇)ရွာမှ ရေဖြူတွင်းကျေးရွာတွင် အသင်းဝင် (၂၂၃) ဦးအား အတိုးနှုန်း (၁)ကျပ်တိုးဖြင့် ချေးငွေပမာဏ ကျပ်(၃၃၀)သိန်းအား အသင်းဝင်များသို့ တစ်ဦးချင်း သက်ဆိုင်ရာ ကျေးရွာ မြစိမ်ရောင်ကော်မတီဝင်များမှ ထုတ်ပေးနေမှုအား ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ၀န်ထမ်းများမှ သြဂုတ်လ (၁၁)ရက်နေ့တွင် ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ကျန်ရှိကျေးရွာ(၆)ရွာအား ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
သူရထွန်း(ပွင့်ဖြူ)

0 comments:

Post a Comment