Friday, September 1, 2017

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၃/၂၀၁၇) ဒုတိယနေ့ကျင်းပပြုလုပ်


မကွေး     သြဂုတ်     ၃၁
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၃/၂၀၁၇) ဒုတိယ နေ့ကို ယနေ့န့နက် ၁၀ နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်း အဝေးခန်းမ၌ စတင်ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌ နှင့်လွှတ်တော်ကိုယ် စားလှယ်များ တက်ရောက်ခဲ့သည်။
မကွေးတိုင်းဒေသကြီး၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေ၊ ပြုပြင်ပြီး ခန့်မှန်းခြေ ငွေစာရင်းများနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်(၃)ဦးက ဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာ တိုင်းဒေ သကြီးဝန်ကြီးမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။ ယင်းလျာထားချက် ငွေစာရင်းများအနက်မှ မြို့သစ်မြို့နယ်၊ မြို့လုလင်ရေလွှဲဆည် ရေသွင်းမြောင်းပြုပြင်ခြင်း ကိစ္စနှင့် မင်းတုန်းမြို့နယ်၊ စည်တီးဆည် ပြင်ဆင်ခြင်းကိစ္စတို့နှင့် စပ်လျဉ်းပြီး လွှတ်တော်က အတည်မပြုကြောင်းနှင့် အဆိုပါ လုပ်ငန်း(၂)ခုအစား ၄င်းငွေပမာဏနှင့် တူညီသည့် အခြားလုပ်ငန်းများအား သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များနှင့် ညှိနှိုင်းဆွေးနွေးပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တိုင်းဒေသကြီး လွှတ်တော်သို့ ပြန်လည်ပေးပို့ရန်ဖြစ်ပြီး ကျန်ရှိသည့်လျာထားချက် ငွေစာရင်းများအား လွှတ်တော်၏ ဆန္ဒသဘောထားရယူရာ လွှတ်တော်က ကန့်ကွက်သူမရှိသည့်အတွက် သဘောတူကြောင်းနှင့် ပြည်သူ့ငွေစာရင်း ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့်သဘောထားမှတ်ချက် အစီရင်ခံစာအား လွှတ်တော်တွင် မှတ်တမ်းတင် ထားရှိမည်ဖြစ်ပြီး ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်နိုင်ရန် အတွက် မကွေးတိုင်းဒေသကြီင်္းအစိုးရအဖွဲ့သို့ ပေးပို့သွားမည်ဖြစ်ကြောင်းနှင့် လွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်သည့်အတိုင်း လွှတ်တော်မှ အတည်ပြုကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။
မကွေးတိုင်းဒေသကြီး၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် မကွေးတိုင်းဒေသကြီး အစိုးရ အဖွဲ့၏ ကုန်သွယ်လုပ်ငန်းခွန်တွင်ပါဝင်သည့် ငွေလုံးငွေရင်းအသုံးစရိတ်များအား မကွေးတိုင်းဒေသ ကြီး၏ မည်သည့်ကဏ္ဍတွင် မည်သည့်လုပ်ငန်းများအား အကောင်အထည် ဖော်ဆောင်ရွက်သွားမည့် အစီအစဉ်ကို လွှတ်တော် ကိုယ်စားလှယ်(၆)ဦးက ဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးဝန်ကြီးမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီးမှ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် အကျဉ်းဦးစီးဌာနတို့ရှိ ၀န်ထမ်းအိမ်ရာများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့၏ ကုန်သွယ်လုပ်ငန်းခွန်တွင်ပါဝင်သည့် ကျေးလက်လမ်းများနှင့်စပ်လျဉ်းပြီး လွှတ်တော်ကအတည်မပြု ကြောင်း၊ ယင်းကျေးလက်လမ်းကိစ္စအား သက်ဆိုင်ရာ လွှတ်တော်ကိုယ်စား လှယ်များနှင့် ညှိနှိုင်း ဆွေးနွေးကာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တိုင်းဒေသကြီးလွှတ်တော်သို့ ပြန်လည်ပေးပို့ရန် ဖြစ်ပြီး ကျန်ငွေလုံးငွေရင်းအသုံးစရိတ်များကို လွှတ်တော်၏ ဆန္ဒသဘောထားရယူရာ လွှတ်တော်က ကန့်ကွက်သူ မရှိသည့်အတွက် လွှတ်တော်က သဘောတူကြောင်း၊ ပြည်သူ့ငွေစာရင်း ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက် အစီရင်ခံစာအား လွှတ်တော်တွင် မှတ်တမ်းတင် ထားရှိမည်ဖြစ်ပြီး ဆက်လက် ဆောင်ရွက်နိုင်ရန်အတွက် မကွေးတိုင်းဒေသကြီင်္းအစိုးရအဖွဲ့သို့ ပေးပို့သွားမည်ဖြစ်ကြောင်းနှင့် လွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်သည့်အတိုင်း လွှတ်တော်မှ အတည် ပြုကြောင်း လွှတ်တော် ဥက္ကဋ္ဌက ကြေညာကာ အထူးအစည်းအဝေး(၃/၂၀၁၇) ဒုတိယနေ့ကို ရုပ်သိမ်းခဲ့ကြောင်း  သိရသည်။
အဆိုပါ အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များ၏ တစ်ရက်တာနေ့တွက်စရိတ် (၉၅၀၀၀၀ိ/-) ကျပ်အား ရခိုင်ပြည်နယ်ရှိ စစ်ဘေးဒုက္ခသည်များကို ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း နှင့် ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဆဌမပုံမှန်အစည်းအဝေးကို ၂၀၁၇ခုနှစ်၊ စက်တင်ဘာလ(၂၅)ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment