Thursday, August 3, 2017

မကွေးမြို့တွင် အခြေခံလျှပ်စစ် ကျွမ်းကျင်မှုရွေ့လျားသင်တန်း ဖွင့်လှစ်




မကွေး     သြဂုတ်    
          မကွေးတိုင်းဒေသကြီး မကွေးမြို့ ပြည်သူ့ဝန်ဆောင်မှု(OSS)ရုံးတွင် ဖွင့်လှစ်သင်ကြား ပို့ချမည့်  စက်မှုဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သော အခြေခံ လျှပ်စစ် ကျွမ်းကျင်မှုရွေ့လျားသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါရုံး သင်တန်းခန်းမ ကျင်းပပြုလုပ်သည်။


          ယနေ့ဖွင့်လှစ်သည့် သင်တန်းသည် မကွေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်နှင့်ပတ်သက်၍ အိမ်သုံး လျှပ်စစ်သွယ်တန်းခြင်း၊အိမ်သုံးလျှပ်စစ်ပစ္စည်းများကို ပြုပြင်ထိန်းသိမ်းနိုင်မည့် မျိုးဆက် သစ် လျှပ်စစ်လုပ်သားများ လေ့ကျင့်မွေးထုတ်ပေးနိုင်မည့် သင်တန်းဖြစ်ပြီး တစ်နည်းအားဖြင့် မကွေးတိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေး တာဝန်ယူဆောင်ရွက်နိုင်မည့် အခြေခံလျှပ်စစ်လုပ်သား များကို မွေးထုတ်ပေးမည့် သင်တန်းဖြစ်သည့်အတွက် သင်တန်းသားများအနေဖြင့် သင်တန်းတွင် သင်ကြားမည့်အချက်များကို သေချာစွာလေ့လာသင်ယူကြစေ လိုပါတယ်ဟု တိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညို က  သင်တန်းဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားသည်။

          ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီး ဦးနေမျိုးကျော် က အမှာစကားပြောကြားပြီး စက်မှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးခင်ရွှေမှ အခြေခံလျှပ်စစ်ကျွမ်းကျင်မှုရွေ့လျားသင်တန်း ပူးပေါင်းဖွင့်လှစ်ခြင်းနှင့်ရည်ရွယ်ချက်တို့ ကို ရှင်းလင်းပြောကြားသည်။

          အဆိုပါသင်တန်းသို့ မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၅)မြို့နယ်မှ သင်တန်းသား (၅၀)ဦး တက်ရောက်ပြီး သင်တန်းကာလမှာ သြဂုတ်လ(၁)ရက်နေ့မှ သြဂုတ်လ ၂၅ ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းတွင် စက်မှုဝန်ကြီးဌာနမှ လျှပ်စစ်စစ်ဆေးရေးလုပ်ငန်းတွင် အတွေ့အကြုံရှိ လျှပ်စစ်ကျွမ်းကျင်သူများက အထောက်အကူပြုပစ္စည်းများအသုံးပြုကာ စာတွေ့ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment