Monday, August 7, 2017

အဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် ပြည်သူအများ ၀ိုင်းဝန်ပါဝင်ဆောင်ရွက်




ပွင့်ဖြူ        သြဂုတ်      
          မကွေးတိုင်းဒေသကြီး၊ပွင့်ဖြူမြို့နယ်တွင် ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်မှုဖြင့် အဟာရဖွံ့ဖြိုးရေး ရသတ္တပတ် လှုပ်ရှားမှုအား သြဂုတ်လ (၈)ရက်နေ့ နံနက် (၉)နာရီက ပွင့်ဖြူမြို့ အလယ်ပိုင်းရပ်ကွက် ဓမ္မာရုံတွင် ကျင်းပခဲ့သည်။
          အခမ်းအနားတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကားပြောကြားပြီး၊ မိခင်ကလေး ကျန်းမာရေးဌာနမှ သားဖွားဆရာမ ဒေါ်အေးအေးစိုးမှ မိခင်နို့ စနစ်တကျတိုက်ကျွေးခြင်းအကြောင်း ပညာပေးဟောပြောခဲ့သည်။ ထို့နောက် အခမ်းအနားသို့တက်ရောက်လာသော အသက်(၆)လမှ (၅)နှစ် အထိ ကလေးငယ်များအား ဗီတာမင်(A) ဆေးနှင့် သံချဆေးများ တိုက်ကျွေးခဲ့ကြောင်းနှင့် အဆိုပါလှုပ်ရှားမှုသို့  မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ ကလေးမိခင်များတက်ရောက်ခဲ့ကြောင်း သိရှိရသည်။
သူရထွန်း(ပွင့်ဖြူ)

0 comments:

Post a Comment