Sunday, August 27, 2017

အိမ်သုံးလျှပ်စစ်ပစ္စည်းများကို ပြုပြင်ထိန်းသိမ်းနိုင်မည့် မျိုးဆက်သစ် လျှပ်စစ်လုပ်သားများ လေ့ကျင့်မွေးထုတ်


မကွေး     သြဂုတ်      ၂၅
စက်မှုဝန်ကြီးဌာနနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းစီစဉ်သည့် စက်မှုကြီး ကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန အခြေခံလျှပ်စစ်ကျွမ်းကျင်မှု ရွေ့လျးသင်တန်းဆင်းပွဲ အခမ်း အနားကို ယနေ့နံနက် ၉ နာရီက မကွေးမြို့နယ် ပြည်သူ့ဝန်ဆောင်မှု(OSS)ရုံးတွင် ကျင်းပ ပြုလုပ်သည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ၀န်ကြီး ဦးနေမျိုးကျော်က သင်တန်းဆင်း အမှာစကားပြောကြားပြီး စက်မှုဝန်ကြီးဌာန၊စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးစိုး မိုးကျော်က ဒေသအသီးသီးမှာရှိသော ဒေသခံပြည်သူများအနေဖြင့် လျှပ်စစ်ဆိုင်ရာ အသိပညာ၊ ဗဟုသုတများကို မိမိတို့ဒေသများတွင် လေ့လာဆည်းပူးနိုင်ရန် ဒေသများအရောက်  လာရောက် ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊သင်တန်းဆင်းလက်မှတ် ရရှိပြီးပါက သက်ဆိုင်ရာ မြို့နယ်လျှပ်စစ်ရုံး များတွင် လျှပ်စစ်ဆိုင်ရာလုပ်ငန်းများ လက်တွေ့ဝင်ရောက်လုပ်ကိုင်ပြီး  လျှပ်စစ်ကျွမ်းကျင်သူများ နှင့် ပူးတွဲလေ့ကျင့်သင်ကြားပြီး လုပ်ငန်းအတွေ့အကြုံ(၄)လ)လ ရှိပါက သက်ဆိုင်ရာမြို့နယ် လျှပ်စစ်ရုံးများမှတဆင့် လျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာလက်မှတ်(ဒုတိယအဆင့်)ကို လျှောက်ထား နိုင်မှာဖြစ်ကြောင်း၊ လျှပ်စစ်ပညာရပ်များကို မိမိအတွက်သာမက မိမိကျေးရွာ၊မြို့နယ်၊ခရိုင်၊ ပြည်နယ်များ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့်မီးသုံးစွဲသူ ဒေသခံပြည်သူများ ကြုံတွေ့နိုင်သော မီးလောင်မှု၊ ဓာတ်လိုက်မှု လျှပ်စစ်အန္တရာယ် များ အတတ်နိုင်ဆုံး လျော့နည်းပပျောက်လာစေရေးတို့အတွက် ဖွင့်လှစ်သင်ကြားပို့ချပေးခြင်းဖြစ်ကြောင်း စသည်ဖြင့် အဆိုပါအခမ်းအနားတွင် ထည့်သွင်းပြော ကြားသည်။
အဆိုပါသင်တန်းမှ အိမ်သုံးလျှပ်စစ်ပစ္စည်းများကို ပြုပြင်ထိန်းသိမ်းနိုင်မည့် မျိုးဆက်သစ် လျှပ်စစ်လုပ်သားများ လေ့ကျင့်မွေးထုတ်ပေးနိုင်ခဲ့ပြီး ထူးချွန်သင်တန်းသားများနှင့် လက်တွေ့ အဖွဲ့လိုက် ဆုရရှိသော အဖွဲ့အား ဆုချီးမြှင့်ပေးအပ်ကာ သင်တန်းသို့တက်ရောက်ခဲ့သည့် သင်တန်း သား(၄၉)ဦးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment