Saturday, August 5, 2017

အခြေခံငါးမွေးမြူရေးနှင့် ရေချိုငါးများ ဆေးထိုးသားဖောက်သင်တန်းဖွင့်လှစ်




ပွင့်ဖြူ        သြဂုတ်     
          မကွေးတိုင်းဒေသကြီး၊ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ငါးလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်ဖွင့်လှစ်သည့် အခြေခံငါးမွေးမြူရေးနှင့် ရေချိုငါးများ ဆေးထိုးသားဖောက်သင်တန်းဖွင့်ပွဲအား သြဂုတ်လ(၅)ရက် နေ့ နံနက်(၉)နာရီက ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်း ခန်းမတွင် ကျင်းပခဲ့သည်။
          အခမ်းအနားတွင် ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းမှ အဖွင့်အမှာစကားပြောကြား ပြီး မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ဦးစီးအရာရှိ ဦးကျော်ကျော်မှ သင်တန်းဖွင့်လှစ်ရခြင်း အကြောင်း ရှင်းလင်းပြောကြားကာ သင်တန်းဖွင့်ပွဲအား ရုပ်သိမ်းခဲ့သည်။
          အဆိုပါသင်တန်းဖွင့်ပွဲအား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ စိုက်ပျိုးရေးသိပ္ပံကျောင်း မှ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများတက်ရောက်ခဲ့ကြပြီး စိုက်ပျိုးရေးသိပ္ပံကျောင်းမှ ကျောင်းသား/သူ (၁၂၆)ဦး တက်ရောက်သင်ကြားမည်ဖြစ်ကြောင်းနှင့် သင်တန်းကာလမှာ သြဂုတ်လ(၅)ရက်နေ့စတင်၍ (၆)ရက်ကြာ စာတွေ့/ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
သူရထွန်း(ပွင့်ဖြူ)

0 comments:

Post a Comment