မကွေး သြဂုတ်
၂
မကွေးတက္ကသိုလ် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်ကျောင်းသား ကျောင်းသူများအား
တိုင်းဒေသကြီး အမှတ်(၂)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူး ရဲမှူးမှ လူကုန်ကူးမှုတားဆီး
ကာကွယ်ရေးဆိုင်ရာများနှင့်ပတ်သက်၍ ယနေ့နံနက် ၁၀ နာရီက မကွေးတက္ကသိုလ် ဘက်စုံခန်းမ ၌ အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် မကွေးတက္ကသိုလ်
ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဦးက အဖွင့်အမှာ စကားပြောကြားခဲ့ပြီး
မကွေးတိုင်းဒေသကြီး အမှတ်(၂) လူကုန်ကူးမှုတားဆီး
နှိမ်နင်းရေးရဲတပ်ဖွဲ့ မှူး ရဲမှူးမျိုးသိန်းက မိမိကြုံတွေ့ခဲ့ရသည့် လူကုန်ကူးမှုဆိုင်ရာဖြစ်စဉ်များနှင့်
မြန်မာနိုင်ငံနှင့် နိုင်ငံရပ်ခြားတို့တွင် ဖြစ်ပေါ်ခဲ့သည့် လူကုန်ကူးမှုကိစ္စရပ်တို့နှင့်ပတ်သက်၍
ပရိုဂျက်တာဖြင့် ရှင်းလင်းပြသကာ အသိပညာပေးဟောပြောခဲ့သည်။
အသိပညာပေးဟောပြောမှုနှင့် ပတ်သက်၍ ရူပဗေဒဌာန ပထမနှစ် ကျောင်းသူတစ်ဦးက
ကျွန်မတို့ကျောင်းသူတွေ အနေနဲ့ အသိပညာဗဟုသုတများစွာ ရရှိပါတယ်၊ ကျွန်မတို့ သိရှိခွင့်မရသေးတဲ့
အသိပညာတွေ ကောင်းကောင်းရရှိခဲ့ပါတယ်၊ ဒီလိုပညာပေး ဟောပြောပွဲတွေ များများလုပ်ပေးသင့်ပါတယ်၊ ကျေးလက်နေပြည်သူတွေ့အထိပေါ့၊ ဒီလိုဟော ပြောမှုမျိုးတွေ
များများလုပ်ပေးမှ အသိပညာ ဗဟုသုတတွေများစွာ သိရှိခွင့်ရရှိပြီး ကျွန်မတို့ မြန်မာနိုင်ငံမှာ
လူကုန်ကူးမှုဆိုင်ရာများနဲ့ပတ်သက်လို့ လျော့ချနိုင်လိမ့်မယ်လို့ ကျွန်မမြင်ပါတယ်၊ ခုဟောပြောပွဲ
ဖြစ်မြောက်အောင် စီစဉ်ဆောင်ရွက်ပေးတဲ့ မကွေးတက္ကသိုလ် ပါမောက္ခချုပ် ဆရာကြီးနဲ့ဆရာ ဆရာမများ၊အသိပညာပေးဟောပြော
ဆောင်ရွက်ခဲ့တဲ့ ရဲမှူးတို့ကိုလည်း အထူး ကျေးဇူးတင်ရှိပါတယ်ဟု တိုင်းဒေသကြီး ပြန်ကြားရေးသို့
ပြောသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment